• လူတစ်ယောက်ကို ကားနဲ့တိုက်သွားပြီး တာဝန်မယူဘူးလို့ သတင်းတွေထွက်နေတာကြောင့် ဖြေရှင်းနေရတဲ့ ထူးခြား
    လူတစ်ယောက်ကို ကားနဲ့တိုက်သွားပြီး တာဝန်မယူဘူးလို့ သတင်းတွေထွက်နေတာကြောင့် ဖြေရှင်းနေရတဲ့ ထူးခြား
    0 Comentários 0 Compartilhamentos 628 Visualizações 0 Anterior
  • လီဗာပူးလ်သည် 2024-2025 ဘောလုံးရာသီအတွက် ကစားသမားသစ်ခေါ်ယူနိုင်ခြင်းမရှိသေးပဲ ဖြစ်နေပါတယ် ။

    နည်းပြ ကလော့ပ် ထွက်ခွာသွားပြီး နည်းပြအဖွဲ့ဝင်များ ထွက်ခွာသွားပြီးနောက် လီဗာပူးလ်သည် အုပ်ချုပ်ရေးပိုင်းနှင့် နည်းပြဝန်ထမ်းများကို ပြန်လည်ဖွဲ့စည်းခဲ့သည်။

    လက်ရှိ လီဗာပူးကစားသမားအားလုံးဟာ နည်းပြသစ်အတွက် အသစ်ဖြစ်နေတာကြောင့် နောက်ထပ်အသစ်ခေါ်ယူဖို့ မလိုအပ်ဘူးလို့ အသင်းတာဝန်ရှိသူတွေက မေးခွန်းထုတ်စရာရှိနေပါတယ်။

    "လီဗာပူးလ်သည် နောက်ကွယ်တွင် အရာများကို လုပ်ဆောင်နေသည်" ဟု လူသိများသော အပြောင်းအရွှေ့သတင်းထောက် Romano က ပြောကြားခဲ့သည်။

    "လီဗာပူးလ်ပရိသတ်တွေ မစိုးရိမ်သင့်သလို အခုအချိန်အထိ ဘာမှ မပြောင်းလဲသေးပါဘူး။"

    လက်ရှိ အတ္တလန်တာ ကွင်းလယ်လူ အန်ဒါဆင် ရဲ့ ကိစ္စ နဲ့ ပတ်သက်ပြီး ထွေထွေထူးထူး ဘာမှ မရှိပါဘူးလို့ Romano က ပြောပါတယ်။

    လီဗာပူးလ်အသင်းသည် ကစားသမားခေါ်ယူရာတွင် ပြိုင်ဘက်ကင်းရုံသာမက ကစားသမားရောင်းချမှုတွင်လည်း ထူးခြားသည်။

    အသင်းမှထွက်ခွာလိုကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည့် ခံစစ်ခေါင်းဆောင် ဗန်ဒန်းဘတ်သည် ဝီလျံ၊ နီဖလစ်စ်ကို ပေါင် 15 သန်းဖြင့် ခေါ်ယူရန် မကြိုးစားနိုင်ဘဲ ရွိုင်းဝီလျံအတွက် ခေါ်ယူမဲ့ အသင်းမရှိသေးဖူးဟုလည်း သိရပါတယ် ။

    #LiverpoolMMFans
    #TransferNews
    #FabrizioRomano
    လီဗာပူးလ်သည် 2024-2025 ဘောလုံးရာသီအတွက် ကစားသမားသစ်ခေါ်ယူနိုင်ခြင်းမရှိသေးပဲ ဖြစ်နေပါတယ် ။ နည်းပြ ကလော့ပ် ထွက်ခွာသွားပြီး နည်းပြအဖွဲ့ဝင်များ ထွက်ခွာသွားပြီးနောက် လီဗာပူးလ်သည် အုပ်ချုပ်ရေးပိုင်းနှင့် နည်းပြဝန်ထမ်းများကို ပြန်လည်ဖွဲ့စည်းခဲ့သည်။ လက်ရှိ လီဗာပူးကစားသမားအားလုံးဟာ နည်းပြသစ်အတွက် အသစ်ဖြစ်နေတာကြောင့် နောက်ထပ်အသစ်ခေါ်ယူဖို့ မလိုအပ်ဘူးလို့ အသင်းတာဝန်ရှိသူတွေက မေးခွန်းထုတ်စရာရှိနေပါတယ်။ "လီဗာပူးလ်သည် နောက်ကွယ်တွင် အရာများကို လုပ်ဆောင်နေသည်" ဟု လူသိများသော အပြောင်းအရွှေ့သတင်းထောက် Romano က ပြောကြားခဲ့သည်။ "လီဗာပူးလ်ပရိသတ်တွေ မစိုးရိမ်သင့်သလို အခုအချိန်အထိ ဘာမှ မပြောင်းလဲသေးပါဘူး။" လက်ရှိ အတ္တလန်တာ ကွင်းလယ်လူ အန်ဒါဆင် ရဲ့ ကိစ္စ နဲ့ ပတ်သက်ပြီး ထွေထွေထူးထူး ဘာမှ မရှိပါဘူးလို့ Romano က ပြောပါတယ်။ လီဗာပူးလ်အသင်းသည် ကစားသမားခေါ်ယူရာတွင် ပြိုင်ဘက်ကင်းရုံသာမက ကစားသမားရောင်းချမှုတွင်လည်း ထူးခြားသည်။ အသင်းမှထွက်ခွာလိုကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည့် ခံစစ်ခေါင်းဆောင် ဗန်ဒန်းဘတ်သည် ဝီလျံ၊ နီဖလစ်စ်ကို ပေါင် 15 သန်းဖြင့် ခေါ်ယူရန် မကြိုးစားနိုင်ဘဲ ရွိုင်းဝီလျံအတွက် ခေါ်ယူမဲ့ အသင်းမရှိသေးဖူးဟုလည်း သိရပါတယ် ။ #LiverpoolMMFans #TransferNews #FabrizioRomano
    0 Comentários 0 Compartilhamentos 601 Visualizações 0 Anterior
  • ဂွာဒီ နဲ့ မတွေ့ခင်အထိ ဘောလုံးအကြောင်း နားလည်နေပြီ ထင်မိခဲ့တယ်

    “မန်စီးတီးကို ပြောင်းမလာခင် ၇ နှစ် ကာလအတွင်းမှာ ကျွန်တော် ထင်ခဲ့တယ် ‘ငါ ဘောလုံးအကြောင်း နားလည်ပြီ’ ပေါ့ ။ စီးတီးကို ရောက်လာတော့ ကျွန်တော် က ၂၅-၂၆ လေဗျာ ။ ဖလားတွေလည်း ရဖူးပြီးပြီ ။ အတွေ့အကြုံတွေ ရှိထားပြီးပြီ ။ ဘောလုံးလောကကြီးကို သဘောပေါက် နားလည်နေပြီလို့ ထင်ခဲ့တာပေါ့”

    “ဒါပေမယ့် ပက် ဂွာဒီယိုလာ ရဲ့ သင်ကြားမှုအောက်မှာ ၇ နှစ်ကြာအောင် နေပြီးတဲ့ နောက်မှာတော့ ဘောလုံးနဲ့ ပတ်သက်ပြီး အရင်က ဘာမှ သိနားမလည်ခဲ့ပါလားလို့ ကျွန်တော့ကိုယ် ကျွန်တော် ပြန်ပြောမိခဲ့ပါတယ် ။ ပက် ရဲ့ လွှမ်းမိုးမှုဟာ အသင်းအပေါ်မှာတင် မဟုတ်ပါဘူး ၊ တစ်ဦးတစ်ယောက်ချင်းရဲ့ အပေါ်မှာပါ သက်ရောက်မှု ရှိခဲ့တာပါ ။ ကစားပွဲတိုင်းမှာ အသေးစိတ်ကျတဲ့ အကြောင်းအရာလေးတွေကအစ သတိထားတတ်ဖို့ သူ ကျွန်တော့ကို သင်ပေးခဲ့ပါတယ်” - Guandogan

    #FootballDiaryMM
    #Guandogan
    #Guardiola
    ဂွာဒီ နဲ့ မတွေ့ခင်အထိ ဘောလုံးအကြောင်း နားလည်နေပြီ ထင်မိခဲ့တယ် “မန်စီးတီးကို ပြောင်းမလာခင် ၇ နှစ် ကာလအတွင်းမှာ ကျွန်တော် ထင်ခဲ့တယ် ‘ငါ ဘောလုံးအကြောင်း နားလည်ပြီ’ ပေါ့ ။ စီးတီးကို ရောက်လာတော့ ကျွန်တော် က ၂၅-၂၆ လေဗျာ ။ ဖလားတွေလည်း ရဖူးပြီးပြီ ။ အတွေ့အကြုံတွေ ရှိထားပြီးပြီ ။ ဘောလုံးလောကကြီးကို သဘောပေါက် နားလည်နေပြီလို့ ထင်ခဲ့တာပေါ့” “ဒါပေမယ့် ပက် ဂွာဒီယိုလာ ရဲ့ သင်ကြားမှုအောက်မှာ ၇ နှစ်ကြာအောင် နေပြီးတဲ့ နောက်မှာတော့ ဘောလုံးနဲ့ ပတ်သက်ပြီး အရင်က ဘာမှ သိနားမလည်ခဲ့ပါလားလို့ ကျွန်တော့ကိုယ် ကျွန်တော် ပြန်ပြောမိခဲ့ပါတယ် ။ ပက် ရဲ့ လွှမ်းမိုးမှုဟာ အသင်းအပေါ်မှာတင် မဟုတ်ပါဘူး ၊ တစ်ဦးတစ်ယောက်ချင်းရဲ့ အပေါ်မှာပါ သက်ရောက်မှု ရှိခဲ့တာပါ ။ ကစားပွဲတိုင်းမှာ အသေးစိတ်ကျတဲ့ အကြောင်းအရာလေးတွေကအစ သတိထားတတ်ဖို့ သူ ကျွန်တော့ကို သင်ပေးခဲ့ပါတယ်” - Guandogan #FootballDiaryMM #Guandogan #Guardiola
    0 Comentários 0 Compartilhamentos 471 Visualizações 0 Anterior
  • လာမယ့်အာဆီယံအစည်းအဝေး မြန်မာနိုင်ငံကိုယ်စားပြုမှုကန့်သတ်ချက် ကန်သဘောတူ

    လာအိုနိုင်ငံမှာ ဒီသီတင်းပတ်ထဲကျင်းပဖို့ရှိတဲ့ အာဆီယံ အရှေ့တောင်အာရှနိုင်ငံများ နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးမှာ မြန်မာဘက်က နိုင်ငံရေးအရကိုယ်စားပြုသူမဟုတ်တဲ့ ကိုယ်စားလှယ်ပဲ တက်ရောက်ခွင့်ပေးဖို့ အမေရိကန်ပြည်ထောင်စုက သဘောတူထောက်ခံတယ်လို့ နိုင်ငံခြားရေးဌာန ထိပ်ပိုင်းအရာရှိတဦးက ပြောပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ အခုအပတ်ထဲ အာရှခရီးစဉ် စတင်ပြီး အာဆီယံခေါင်းဆောင်တွေနဲ့ မြန်မာ့အကျပ်အတည်းအပါအဝင် ကိစ္စရပ်အတော်များများကို ဆွေးနွေးဖို့ရှိတာပါ။

    မြန်မာ့အရေးမှာ အတိုက်အခံ ဒီမိုကရေစီအုပ်စုတွေကိုလည်း အမေရိကန်အနေနဲ့ ဆက်ပြီး ထိစပ်သွားမယ်လို့ အမေရိကန်တာဝန်ရှိသူတွေက ပြောပါတယ်။ အခုလာမယ့် အာဆီယံအစည်းအဝေးမှာတော့ မြန်မာဘက်က နိုင်ငံရေးအရ ကိုယ်စားပြုသူမဟုတ်တဲ့ နိုင်ငံခြားရေးဌာန အမြဲတမ်းအတွင်းဝန် ကိုယ်စားပြု တက်ရောက်ဖို့ရှိတယ်လို့ သူ့အနေနဲ့ သိထားကြောင်း အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Kritenbrink က ဗွီအိုအေကို ဖုံးကတဆင့် ဖြေကြားခဲ့တာပါ။

    မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းကတည်းက အာဆီယံအဆင့်မြင့်အစည်းအဝေးတွေမှာ မြန်မာနိုင်ငံကို နိုင်ငံရေးအရကိုယ်စားပြုသူမဟုတ်ဘဲ အဆင့်နှိမ့်ပြီး အရပ်ဖက်ဝန်ထမ်းကိုပဲ ကိုယ်စားပြုတက်ရောက်စေဖို့ အာဆီယံအတွင်း ကန့်သတ်ထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ လာအိုနိုင်ငံက နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး မှာတော့ မြန်မာစစ်ကောင်စီက နိုင်ငံခြားရးဌာန အကြီးတန်းအရာရှိတဦးကို စေလွှတ်ခဲ့ပါတယ်။

    #BurmaDailyNews
    #ASEAN
    #Burmesepolitics
    လာမယ့်အာဆီယံအစည်းအဝေး မြန်မာနိုင်ငံကိုယ်စားပြုမှုကန့်သတ်ချက် ကန်သဘောတူ လာအိုနိုင်ငံမှာ ဒီသီတင်းပတ်ထဲကျင်းပဖို့ရှိတဲ့ အာဆီယံ အရှေ့တောင်အာရှနိုင်ငံများ နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးမှာ မြန်မာဘက်က နိုင်ငံရေးအရကိုယ်စားပြုသူမဟုတ်တဲ့ ကိုယ်စားလှယ်ပဲ တက်ရောက်ခွင့်ပေးဖို့ အမေရိကန်ပြည်ထောင်စုက သဘောတူထောက်ခံတယ်လို့ နိုင်ငံခြားရေးဌာန ထိပ်ပိုင်းအရာရှိတဦးက ပြောပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ အခုအပတ်ထဲ အာရှခရီးစဉ် စတင်ပြီး အာဆီယံခေါင်းဆောင်တွေနဲ့ မြန်မာ့အကျပ်အတည်းအပါအဝင် ကိစ္စရပ်အတော်များများကို ဆွေးနွေးဖို့ရှိတာပါ။ မြန်မာ့အရေးမှာ အတိုက်အခံ ဒီမိုကရေစီအုပ်စုတွေကိုလည်း အမေရိကန်အနေနဲ့ ဆက်ပြီး ထိစပ်သွားမယ်လို့ အမေရိကန်တာဝန်ရှိသူတွေက ပြောပါတယ်။ အခုလာမယ့် အာဆီယံအစည်းအဝေးမှာတော့ မြန်မာဘက်က နိုင်ငံရေးအရ ကိုယ်စားပြုသူမဟုတ်တဲ့ နိုင်ငံခြားရေးဌာန အမြဲတမ်းအတွင်းဝန် ကိုယ်စားပြု တက်ရောက်ဖို့ရှိတယ်လို့ သူ့အနေနဲ့ သိထားကြောင်း အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Kritenbrink က ဗွီအိုအေကို ဖုံးကတဆင့် ဖြေကြားခဲ့တာပါ။ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းကတည်းက အာဆီယံအဆင့်မြင့်အစည်းအဝေးတွေမှာ မြန်မာနိုင်ငံကို နိုင်ငံရေးအရကိုယ်စားပြုသူမဟုတ်ဘဲ အဆင့်နှိမ့်ပြီး အရပ်ဖက်ဝန်ထမ်းကိုပဲ ကိုယ်စားပြုတက်ရောက်စေဖို့ အာဆီယံအတွင်း ကန့်သတ်ထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ လာအိုနိုင်ငံက နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး မှာတော့ မြန်မာစစ်ကောင်စီက နိုင်ငံခြားရးဌာန အကြီးတန်းအရာရှိတဦးကို စေလွှတ်ခဲ့ပါတယ်။ #BurmaDailyNews #ASEAN #Burmesepolitics
    0 Comentários 0 Compartilhamentos 622 Visualizações 0 Anterior
  • ဦးလေးဖြစ်သူလက်ပါလို့ အမြင်အာရုံကွယ်မတတ်ဖြစ်နေတဲ့ ကလေးနှစ်ယောက်ကိုကယ်တင်ပေးဖို့တောင်းဆိုနေရတဲ့ အဘွား

    ဒီကလေးနှစ်ယောက်ကတော့ အသက် ၅ နှစ်တောင် မပြည့်ရသေးတဲ့အရွယ်မှာ လူကြီးတစ်ယောက်ရဲ့ အကြမ်းဖက်မှုတွေကို ခံနေခဲ့ရပါတယ်။ ကလေးလေးတွေက အရွယ်နဲ့မလိုက်အောင် ခံစားနေရတဲ့ ဝေဒနာတွေကို ဘေးပတ်ဝန်းကျင်က လူတွေတောင် မကြည့်ရက်တဲ့အထိ ဖြစ်နေရပါတယ်။ ကလေးနှစ်ယောက်က ၅ နှစ်အရွယ်ယောက်ျားလေး
    နဲ့ ၄ နှစ်အရွယ်သမီးလေးတွေဖြစ်ပြီး အဘွားဖြစ်သူနဲ့ အတူတူနေထိုင်နေရတာပါ။ အဘွားဖြစ်သူနဲ့နေရပေမယ့်လည်း အိမ်မှာက အဘိုးဖြစ်သူနဲ့ ဦးလေးဖြစ်သူတို့ပါ နေထိုင်ကြပါတယ်။

    ကလေးတွေရဲ့ မိခင်ဖြစ်သူက အသက် ၂၀ သာရှိသေးတာ ဖြစ်ပြီး ခုလက်ရှိမှာ နောက်အိမ်ထောင်ပြုထားပါတယ်။ ဖခင်ကလည်း နှစ်ရှည်အဖမ်းခံထားရတာဖြစ်တဲ့အတွက် နောက်ဆုံးမှာတော့ ကလေးတွေကို အဘွားဖြစ်သူကပဲ စောင့်ရှောက်နေခဲ့ရပါတယ်။ မိခင်ဖြစ်သူက နောက်အိမ်ထောင်ပြုထားသလို တစ်ရက်လုပ်မှ တစ်ရက်စားဘဝ
    ဖြတ်သန်းနေရတာမို့ ထောက်ပံ့နိုင်ခြင်းလည်း မရှိပါဘူး။ အဘွားဖြစ်သူကပဲ ကလေးတွေကို အဝတ်လျှော်ရင်း လုပ်ကျွေးနေရတာပါ။ အိမ်မှာရှိကြတဲ့ သားအကြီးဆုံးကလည်း အရက်တွေပဲသောက်ကာ အလုပ်လည်း မလုပ်ပါဘူး။ ကလေးတွေကို တစ်ရက်ငါးထောင်အဝတ်လျှော်ပြီး လုပ်ကျွေးနေခဲ့တာပါ။

    အဝတ်လျှော်တဲ့အချိန်မှာ ကလေးတွေကို အိမ်မှာပဲ သားအကြီးဆုံးနဲ့အတူတူ ထားခဲ့ပါတယ်။ ကလေးတွေရဲ့ ဦးလေးက အရက်သောက်နေရင်းနဲ့ ငိုနေတဲ့ ၄နှစ်သမီးလေးကို လက်ပါခဲ့ပါတယ်။ ညီမဖြစ်သူ အရိုက်ခံရတာကြောင့် ၅ နှစ်သားလေးက ဝင်ဆွဲရင်းနဲ့ ဦးလေးဖြစ်သူရဲ့ တုတ်နဲ့လက်ပါတာဟာ ကလေးရဲ့ မျက်လုံးကို ထိသွားခဲ့ပါတယ်။ မျက်လုံးတစ်ဖက်က နီရဲနေအောင် ဖြစ်သွားသလို လက်မှာတွေလည်း အစင်းရာတွေနဲ့ ကလေးက မျက်လုံးတစ်ဖက်မမြင်ရသလိုတောင် ဖြစ်သွားခဲ့ရပါတယ်။

    အဘွားဖြစ်သူကလည်း ဝင်ဆွဲတဲ့ အချိန်မှာ လက်တွေ ရောင်ကိုင်းတဲ့အထိကို ခံလိုက်ရပါတယ်။ မြေးဖြစ်သူတွေ အရွယ်မရောက်သေးခင်မှာ ခုလို ခံစားနေရတာကို အဘွားဖြစ်သူမကြည့်ရက်နိုင်တော့ပါဘူး။ အစားလည်း ကောင်းကောင်းမကျွေးနိုင်တဲ့အပြင် အနိုင်ကျင့်ခံနေရတဲ့အပေါ် ယူကြုံးမရဖြစ်လို့နေပါတယ်။ ရပ်ကွက်ထဲကသူတွေကလည်း ကလေးတွေကိုကြည့်ပြီး သနားနေတာကြောင့် ခိုင်နှင်းဝေဆီကို ပို့ဖို့သာ တိုက်တွန်းနေခဲ့ကြတာပါ။

    အဘွားဖြစ်သူက ခုနောက်ပိုင်းဆို ကလေးတွေ ထပ်ပြီး အနိုင်ကျင့်ခံရမှာ စိုးရိမ်တဲ့အတွက် အဝတ်လျှော်ရင်လည်း အမြဲခေါ်သွားနေတာပါ။ အဘွားဖြစ်သူက တစ်ရက် ငါးထောင်နဲ့ကလေးတွေကို ဝအောင် မကျွေးနိုင်သလို ကျောင်းလည်းမထားပေးနိုင်
    တော့ပါဘူး။ ရပ်ကွက်ကလူတွေက အမြင်မတော်လို့ ခေါ်ကျွေးမှသာ ကလေးတွေက ထမင်းစားရတာမျိုးတွေလည်း ရှိပါတယ်။ အဘွားဖြစ်သူက မြေးတွေကို ချစ်လွန်းတာကြောင့် မခွဲချင်ပေမယ့်လည်း သူ့လက်ထဲမှာ ဆက်ထားရင် ကလေးတွေရဲ့ အနာဂါတ်က မကောင်းတော့မှာကို စိုးရိမ်နေရပါတယ်။

    မိခင်အရင်းကလည်း ထောက်ပံ့ပေးနိုင်ခြင်းမရှိတာကြောင့် ကလေးတွေကို ဦးလေးလက်က လွှတ်ဖို့အတွက် ခိုင်နှင်းဝေကိုသာ အားကိုးတကြီးနဲ့ အကူအညီတောင်းလာခဲ့ပါတယ်။ ခိုင်နှင်းဝေအနေနဲ့ ၅ နှစ်နဲ့ ၄ နှစ်အရွယ် ကလေးနှစ်ယောက်ကို မွေးစားပေးဖို့ အဘွားက မေတ္တာရပ်ခံလာခဲ့ပါတယ်။

    ခိုင်နှင်းဝေက မွေးကင်းစကလေးတွေနဲ့ လသားအရွယ်တွေကိုသာ အများဆုံးခေါ်ယူပေးတာမို့ ခုလို သိတတ်နေပြီဖြစ်တဲ့ ကလေးတွေကို ခေါ်ယူပေးမလားဆိုတာကိုတော့ သေချာမသိရသေးပါဘူး။ ဦးလေးဖြစ်သူရဲ့ အနိုင်ကျင့်မှုတွေကို ခံနေရတဲ့ ငါးနှစ်တောင် မပြည့်သေးတဲ့ ကလေးနှစ်

    ယောက်လည်း အမြန်ဆုံးအဆင်ပြေသွားပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

    #BurmaCeleMedia
    #ခိုင်နှင်းဝေ
    ဦးလေးဖြစ်သူလက်ပါလို့ အမြင်အာရုံကွယ်မတတ်ဖြစ်နေတဲ့ ကလေးနှစ်ယောက်ကိုကယ်တင်ပေးဖို့တောင်းဆိုနေရတဲ့ အဘွား ဒီကလေးနှစ်ယောက်ကတော့ အသက် ၅ နှစ်တောင် မပြည့်ရသေးတဲ့အရွယ်မှာ လူကြီးတစ်ယောက်ရဲ့ အကြမ်းဖက်မှုတွေကို ခံနေခဲ့ရပါတယ်။ ကလေးလေးတွေက အရွယ်နဲ့မလိုက်အောင် ခံစားနေရတဲ့ ဝေဒနာတွေကို ဘေးပတ်ဝန်းကျင်က လူတွေတောင် မကြည့်ရက်တဲ့အထိ ဖြစ်နေရပါတယ်။ ကလေးနှစ်ယောက်က ၅ နှစ်အရွယ်ယောက်ျားလေး နဲ့ ၄ နှစ်အရွယ်သမီးလေးတွေဖြစ်ပြီး အဘွားဖြစ်သူနဲ့ အတူတူနေထိုင်နေရတာပါ။ အဘွားဖြစ်သူနဲ့နေရပေမယ့်လည်း အိမ်မှာက အဘိုးဖြစ်သူနဲ့ ဦးလေးဖြစ်သူတို့ပါ နေထိုင်ကြပါတယ်။ ကလေးတွေရဲ့ မိခင်ဖြစ်သူက အသက် ၂၀ သာရှိသေးတာ ဖြစ်ပြီး ခုလက်ရှိမှာ နောက်အိမ်ထောင်ပြုထားပါတယ်။ ဖခင်ကလည်း နှစ်ရှည်အဖမ်းခံထားရတာဖြစ်တဲ့အတွက် နောက်ဆုံးမှာတော့ ကလေးတွေကို အဘွားဖြစ်သူကပဲ စောင့်ရှောက်နေခဲ့ရပါတယ်။ မိခင်ဖြစ်သူက နောက်အိမ်ထောင်ပြုထားသလို တစ်ရက်လုပ်မှ တစ်ရက်စားဘဝ ဖြတ်သန်းနေရတာမို့ ထောက်ပံ့နိုင်ခြင်းလည်း မရှိပါဘူး။ အဘွားဖြစ်သူကပဲ ကလေးတွေကို အဝတ်လျှော်ရင်း လုပ်ကျွေးနေရတာပါ။ အိမ်မှာရှိကြတဲ့ သားအကြီးဆုံးကလည်း အရက်တွေပဲသောက်ကာ အလုပ်လည်း မလုပ်ပါဘူး။ ကလေးတွေကို တစ်ရက်ငါးထောင်အဝတ်လျှော်ပြီး လုပ်ကျွေးနေခဲ့တာပါ။ အဝတ်လျှော်တဲ့အချိန်မှာ ကလေးတွေကို အိမ်မှာပဲ သားအကြီးဆုံးနဲ့အတူတူ ထားခဲ့ပါတယ်။ ကလေးတွေရဲ့ ဦးလေးက အရက်သောက်နေရင်းနဲ့ ငိုနေတဲ့ ၄နှစ်သမီးလေးကို လက်ပါခဲ့ပါတယ်။ ညီမဖြစ်သူ အရိုက်ခံရတာကြောင့် ၅ နှစ်သားလေးက ဝင်ဆွဲရင်းနဲ့ ဦးလေးဖြစ်သူရဲ့ တုတ်နဲ့လက်ပါတာဟာ ကလေးရဲ့ မျက်လုံးကို ထိသွားခဲ့ပါတယ်။ မျက်လုံးတစ်ဖက်က နီရဲနေအောင် ဖြစ်သွားသလို လက်မှာတွေလည်း အစင်းရာတွေနဲ့ ကလေးက မျက်လုံးတစ်ဖက်မမြင်ရသလိုတောင် ဖြစ်သွားခဲ့ရပါတယ်။ အဘွားဖြစ်သူကလည်း ဝင်ဆွဲတဲ့ အချိန်မှာ လက်တွေ ရောင်ကိုင်းတဲ့အထိကို ခံလိုက်ရပါတယ်။ မြေးဖြစ်သူတွေ အရွယ်မရောက်သေးခင်မှာ ခုလို ခံစားနေရတာကို အဘွားဖြစ်သူမကြည့်ရက်နိုင်တော့ပါဘူး။ အစားလည်း ကောင်းကောင်းမကျွေးနိုင်တဲ့အပြင် အနိုင်ကျင့်ခံနေရတဲ့အပေါ် ယူကြုံးမရဖြစ်လို့နေပါတယ်။ ရပ်ကွက်ထဲကသူတွေကလည်း ကလေးတွေကိုကြည့်ပြီး သနားနေတာကြောင့် ခိုင်နှင်းဝေဆီကို ပို့ဖို့သာ တိုက်တွန်းနေခဲ့ကြတာပါ။ အဘွားဖြစ်သူက ခုနောက်ပိုင်းဆို ကလေးတွေ ထပ်ပြီး အနိုင်ကျင့်ခံရမှာ စိုးရိမ်တဲ့အတွက် အဝတ်လျှော်ရင်လည်း အမြဲခေါ်သွားနေတာပါ။ အဘွားဖြစ်သူက တစ်ရက် ငါးထောင်နဲ့ကလေးတွေကို ဝအောင် မကျွေးနိုင်သလို ကျောင်းလည်းမထားပေးနိုင် တော့ပါဘူး။ ရပ်ကွက်ကလူတွေက အမြင်မတော်လို့ ခေါ်ကျွေးမှသာ ကလေးတွေက ထမင်းစားရတာမျိုးတွေလည်း ရှိပါတယ်။ အဘွားဖြစ်သူက မြေးတွေကို ချစ်လွန်းတာကြောင့် မခွဲချင်ပေမယ့်လည်း သူ့လက်ထဲမှာ ဆက်ထားရင် ကလေးတွေရဲ့ အနာဂါတ်က မကောင်းတော့မှာကို စိုးရိမ်နေရပါတယ်။ မိခင်အရင်းကလည်း ထောက်ပံ့ပေးနိုင်ခြင်းမရှိတာကြောင့် ကလေးတွေကို ဦးလေးလက်က လွှတ်ဖို့အတွက် ခိုင်နှင်းဝေကိုသာ အားကိုးတကြီးနဲ့ အကူအညီတောင်းလာခဲ့ပါတယ်။ ခိုင်နှင်းဝေအနေနဲ့ ၅ နှစ်နဲ့ ၄ နှစ်အရွယ် ကလေးနှစ်ယောက်ကို မွေးစားပေးဖို့ အဘွားက မေတ္တာရပ်ခံလာခဲ့ပါတယ်။ ခိုင်နှင်းဝေက မွေးကင်းစကလေးတွေနဲ့ လသားအရွယ်တွေကိုသာ အများဆုံးခေါ်ယူပေးတာမို့ ခုလို သိတတ်နေပြီဖြစ်တဲ့ ကလေးတွေကို ခေါ်ယူပေးမလားဆိုတာကိုတော့ သေချာမသိရသေးပါဘူး။ ဦးလေးဖြစ်သူရဲ့ အနိုင်ကျင့်မှုတွေကို ခံနေရတဲ့ ငါးနှစ်တောင် မပြည့်သေးတဲ့ ကလေးနှစ် ယောက်လည်း အမြန်ဆုံးအဆင်ပြေသွားပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ #BurmaCeleMedia #ခိုင်နှင်းဝေ
    0 Comentários 0 Compartilhamentos 562 Visualizações 0 Anterior
  • ဒေါ်ချစ်စုကိုကို လာပါပြီ
    #ChitsuKoKo #တင်ချင်ရာတင်ပြီ
    ဒေါ်ချစ်စုကိုကို လာပါပြီ😁🤭❤️ #ChitsuKoKo #တင်ချင်ရာတင်ပြီ
    0 Comentários 0 Compartilhamentos 318 Visualizações 2 0 Anterior
  • ထွက်ပြေးလာသူ မြန်မာလုံခြုံရေးအဖွဲ့ဝင်တွေကို ဘင်္ဂလားဒေ့ရှ် လက်မခံ​ ပြန်နှင်ထုတ်ခဲ့

    အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ ထွက်ပြေးလာတဲ့ မြန်မာစစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့ ဒါဇင်နဲ့ချီကို နယ်စပ်မှာဟန့်တားပြီး ပြန်လည် နှင်ထုတ်ခဲ့တယ်လို့ နှစ်နိုင်ငံနယ်စပ် နတ်မြစ်အနီးမှာရှိတဲ့ ဘင်္ဂလားဒေ့ရှ် ဒေသဆိုင်ရာ အစိုးရတာဝန်ရှိသူ တဦးက ဒီကနေ့ ဇူလိုင်လ ၁၆ ရက်နေ့မှာ ပြောပါတယ်။

    ရခိုင်ပြည်နယ်တွင်း တိုက်ပွဲတွေ ပြင်းထန်နေတာနဲ့အမျှ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နဲ့ အိန္ဒိယ နိုင်ငံတွေဘက် ထွက်ပြေး ခိုလုံတဲ့ မြန်မာ စစ်သားနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် အရေအတွက်က ထောင်နဲ့ချီ နေပါတယ်။ အများအားဖြင့်တော့ သူတို့ကို လက်ခံပြီး ရက်ပိုင်း သို့မဟုတ် သီတင်းပတ်ပိုင်းအတွင်း မြန်မာနိုင်ငံဘက်ခြမ်းကို ပြန်ပို့လေ့ ရှိပါတယ်။

    ဒါပေမဲ့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကတော့ ဘင်္ဂလားဒေ့ရှ်နယ်စပ် နတ်မြစ်ကို ဖြတ်ကူးဖို့ကြိုးစားတဲ့ နယ်စပ်လုံခြုံရေး တပ်ဖွဲ့ဝင် ၆၆ ဦးထက် မနည်းကို မြန်မာနိုင်ငံဘက် ချက်ချင်း ပြန်နှင်ထုတ်ခဲ့တာပါ။

    လှေနှစ်စီးနဲ့ Teknaf ဒေသထဲကို ဝင်ဖို့ ကြိုးစားခဲ့ကြတဲ့ ဒီမြန်မာလုံခြုံရေး တပ်ဖွဲ့ဝင်တွေကို ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့် တပ်ဖွဲ့တွေက နယ်စပ်မှာတင် ဟန့်တားခဲ့တာလို့ Teknaf မြို့ အုပ်ချုပ်ရေးမှူး Mujibur Rahman(မူဂျီဘူရ် ရာမန်) က ပြောပါတယ်။ အခုနောက်ဆုံး ထွက်ပြေးလာသူတွေနဲ့ ပတ်သက်လို့ မြန်မာစစ်ကောင်စီ ဘက်ကရော၊ ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ် ဘက်ကရော တစုံတရာ ထုတ်ပြန် ပြောဆိုတာတော့ မရှိသေးပါဘူး။

    ရခိုင်ပြည်နယ်ထဲမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို အာရက္ခတပ်တော် (AA) က ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကစလို့ ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီ တပ်စခန်းတွေနဲ့ နယ်မြေတွေကို တိုးချဲ့ သိမ်းယူလာနေတာနဲ့ အမျှ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ အများအပြား အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးနေကြရတာပါ။

    ဒီနှစ်ထဲ ခုလို ထွက်ပြေးလာသူ ၈၅၀ ကျော်ကို ဘင်္ဂလားဒေ့ရှ်က လက်ခံပေးခဲ့ပြီး ၇၅၀ ကျော်ကို နေရပ် ပြန်ပို့ပေးခဲ့ပြီးကြောင်း နဲ့ ၁၀၀ ဝန်းကျင်လောက်ကတော့ နေရပ်ပြန်ပို့ခံရဖို့ စောင့်ဆိုင်းနေတယ်လို့ အမည်မဖော်လိုတဲ့ အကြီးတန်း ဘင်္ဂလားဒေ့ရှ် အရာရှိတဦးက AFP သတင်းဌာနကို ပြောဆိုခဲ့ပါတယ်။

    #BurmaDailyNews
    ထွက်ပြေးလာသူ မြန်မာလုံခြုံရေးအဖွဲ့ဝင်တွေကို ဘင်္ဂလားဒေ့ရှ် လက်မခံ​ ပြန်နှင်ထုတ်ခဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ ထွက်ပြေးလာတဲ့ မြန်မာစစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့ ဒါဇင်နဲ့ချီကို နယ်စပ်မှာဟန့်တားပြီး ပြန်လည် နှင်ထုတ်ခဲ့တယ်လို့ နှစ်နိုင်ငံနယ်စပ် နတ်မြစ်အနီးမှာရှိတဲ့ ဘင်္ဂလားဒေ့ရှ် ဒေသဆိုင်ရာ အစိုးရတာဝန်ရှိသူ တဦးက ဒီကနေ့ ဇူလိုင်လ ၁၆ ရက်နေ့မှာ ပြောပါတယ်။ ရခိုင်ပြည်နယ်တွင်း တိုက်ပွဲတွေ ပြင်းထန်နေတာနဲ့အမျှ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နဲ့ အိန္ဒိယ နိုင်ငံတွေဘက် ထွက်ပြေး ခိုလုံတဲ့ မြန်မာ စစ်သားနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် အရေအတွက်က ထောင်နဲ့ချီ နေပါတယ်။ အများအားဖြင့်တော့ သူတို့ကို လက်ခံပြီး ရက်ပိုင်း သို့မဟုတ် သီတင်းပတ်ပိုင်းအတွင်း မြန်မာနိုင်ငံဘက်ခြမ်းကို ပြန်ပို့လေ့ ရှိပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကတော့ ဘင်္ဂလားဒေ့ရှ်နယ်စပ် နတ်မြစ်ကို ဖြတ်ကူးဖို့ကြိုးစားတဲ့ နယ်စပ်လုံခြုံရေး တပ်ဖွဲ့ဝင် ၆၆ ဦးထက် မနည်းကို မြန်မာနိုင်ငံဘက် ချက်ချင်း ပြန်နှင်ထုတ်ခဲ့တာပါ။ လှေနှစ်စီးနဲ့ Teknaf ဒေသထဲကို ဝင်ဖို့ ကြိုးစားခဲ့ကြတဲ့ ဒီမြန်မာလုံခြုံရေး တပ်ဖွဲ့ဝင်တွေကို ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့် တပ်ဖွဲ့တွေက နယ်စပ်မှာတင် ဟန့်တားခဲ့တာလို့ Teknaf မြို့ အုပ်ချုပ်ရေးမှူး Mujibur Rahman(မူဂျီဘူရ် ရာမန်) က ပြောပါတယ်။ အခုနောက်ဆုံး ထွက်ပြေးလာသူတွေနဲ့ ပတ်သက်လို့ မြန်မာစစ်ကောင်စီ ဘက်ကရော၊ ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ် ဘက်ကရော တစုံတရာ ထုတ်ပြန် ပြောဆိုတာတော့ မရှိသေးပါဘူး။ ရခိုင်ပြည်နယ်ထဲမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို အာရက္ခတပ်တော် (AA) က ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကစလို့ ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီ တပ်စခန်းတွေနဲ့ နယ်မြေတွေကို တိုးချဲ့ သိမ်းယူလာနေတာနဲ့ အမျှ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ အများအပြား အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးနေကြရတာပါ။ ဒီနှစ်ထဲ ခုလို ထွက်ပြေးလာသူ ၈၅၀ ကျော်ကို ဘင်္ဂလားဒေ့ရှ်က လက်ခံပေးခဲ့ပြီး ၇၅၀ ကျော်ကို နေရပ် ပြန်ပို့ပေးခဲ့ပြီးကြောင်း နဲ့ ၁၀၀ ဝန်းကျင်လောက်ကတော့ နေရပ်ပြန်ပို့ခံရဖို့ စောင့်ဆိုင်းနေတယ်လို့ အမည်မဖော်လိုတဲ့ အကြီးတန်း ဘင်္ဂလားဒေ့ရှ် အရာရှိတဦးက AFP သတင်းဌာနကို ပြောဆိုခဲ့ပါတယ်။ #BurmaDailyNews
    0 Comentários 0 Compartilhamentos 366 Visualizações 0 Anterior
  • ကရင်ဒုက္ခသည်စခန်းသုံးခုမှာ ကူးစက်မြန်ရာသီတုပ်ကွေးဖြစ်ပွား

    အခုရက်ပိုင်းတွေအတွင်း ကရင်ပြည်နယ် မြဝတီတောင်ဘက်ခြမ်း သောင်ရင်းမြစ်ဘေးမှာရှိတဲ့ ပလောတပိုစစ်ရှောင်စခန်းအပါအဝင် စခန်း ၃ ခုလောက်မှာ ကူးစက်မြန်တဲ့ရာသီတုပ်ကွေးနဲ့ဆင်တူတဲ့ ဖျားနာသူတွေ ရှိလာနေတယ်လို့ စစ်ဘေးရှောင်တွေကို အကူညီပေးနေသူတွေကဆိုပါတယ်။ ဒီသတင်းကိုဗွီအိုအေ သတင်းထောက်မအေးအေးမာကသတင်းပေးပိုထားပါတယ်။

    ကရင်ပြည်နယ် မြဝတီတောင်ဘက်ခြမ်း သောင်ရင်းမြစ်ဘေးမှာရှိတဲ့ ပလောတပိုစစ်ရှောင်စခန်းအပါအဝင် စခန်း ၃ ခုလောက်မှာ ကူးစက်မြန်တဲ့ ရာသီတုပ်ကွေးအသွင်ဖျားနာမူတွေဖြစ်ပေါ်နေတယ်လို့ စစ်ဘေးရှောင်စခန်းကို အစားအသောက်တွေအကူညီပေးနေသူ ဦးဇော်ထွန်းကအခုလိုပြောပါတယ်။

    "ပလော့တပို စစ်ရှောင်စခန်းမှာ ကူးစက်မြန် ဖျားနာမှုများနေတယ်။ စစ်ဘေးရှောင်စခန်းတွေမှာပေါ့။ လူများတဲ့စခန်းတွေပေါ့။ ကျနော်တို့နဲ့အဆက်သွယ်ရှိတာက ထီးလောကောကော၊ ပလော့တပို့စခန်းကော၊ ကျောက်ခက်စခန်းလည်း အဆက်အသွယ်ရှိတယ်။ အများကြီးဖြစ်နေတော့ ကူးစက်မှုလည်းများတယ်။ တအိမ်မှာတယောက်ဖြစ်ရင် တအိမ်လုံးလည်းဖြစ်ကုန်တယ်။ အဓိက,ကတော့ တုပ်ကွေးဖြစ်တယ်။ တုပ်ကွေးနဲ့ရောပြီး ငှက်ဖျားလည်းဖြစ်တယ်။
    အဲဒီတော့ ဆေးဝါးမလုံလောက်မှုတွေဖြစ်နေတယ်။"

    ကိုဗစ်ဆန်ဆန် ချောင်းဆိုးတာ၊ အဖျားကြီးတာ၊ ဝမ်းလျှောတာ စတဲ့ လက္ခဏာတွေကိုလည်း တွေ့နေရတယ်လို့ ဆိုပါတယ်။

    ပလော့တပို့စခန်းကတော့ စခန်းကြီးတခုဖြစ်ပြီး အဲဒီနေရာနဲ့အနီးတဝိုက်မှာ စစ်ဘေးရှောင်တွေ အစုလေး ၁၀ ခုလောက်ရှိပြီး ပလော့တပို့မှာတော့ လူဦးရေ ၃,၀၀၀ လောက်နေထိုင်နေပါတယ်။ အခုဆိုရင် စားနပ်ရိက္ခာသာမက ဆေးဝါးတွေပါ အရေးပေါ်လိုအပ်နေတယ်လို့ သိရပါတယ်။

    #BurmaDailyNews

    ကရင်ဒုက္ခသည်စခန်းသုံးခုမှာ ကူးစက်မြန်ရာသီတုပ်ကွေးဖြစ်ပွား အခုရက်ပိုင်းတွေအတွင်း ကရင်ပြည်နယ် မြဝတီတောင်ဘက်ခြမ်း သောင်ရင်းမြစ်ဘေးမှာရှိတဲ့ ပလောတပိုစစ်ရှောင်စခန်းအပါအဝင် စခန်း ၃ ခုလောက်မှာ ကူးစက်မြန်တဲ့ရာသီတုပ်ကွေးနဲ့ဆင်တူတဲ့ ဖျားနာသူတွေ ရှိလာနေတယ်လို့ စစ်ဘေးရှောင်တွေကို အကူညီပေးနေသူတွေကဆိုပါတယ်။ ဒီသတင်းကိုဗွီအိုအေ သတင်းထောက်မအေးအေးမာကသတင်းပေးပိုထားပါတယ်။ ကရင်ပြည်နယ် မြဝတီတောင်ဘက်ခြမ်း သောင်ရင်းမြစ်ဘေးမှာရှိတဲ့ ပလောတပိုစစ်ရှောင်စခန်းအပါအဝင် စခန်း ၃ ခုလောက်မှာ ကူးစက်မြန်တဲ့ ရာသီတုပ်ကွေးအသွင်ဖျားနာမူတွေဖြစ်ပေါ်နေတယ်လို့ စစ်ဘေးရှောင်စခန်းကို အစားအသောက်တွေအကူညီပေးနေသူ ဦးဇော်ထွန်းကအခုလိုပြောပါတယ်။ "ပလော့တပို စစ်ရှောင်စခန်းမှာ ကူးစက်မြန် ဖျားနာမှုများနေတယ်။ စစ်ဘေးရှောင်စခန်းတွေမှာပေါ့။ လူများတဲ့စခန်းတွေပေါ့။ ကျနော်တို့နဲ့အဆက်သွယ်ရှိတာက ထီးလောကောကော၊ ပလော့တပို့စခန်းကော၊ ကျောက်ခက်စခန်းလည်း အဆက်အသွယ်ရှိတယ်။ အများကြီးဖြစ်နေတော့ ကူးစက်မှုလည်းများတယ်။ တအိမ်မှာတယောက်ဖြစ်ရင် တအိမ်လုံးလည်းဖြစ်ကုန်တယ်။ အဓိက,ကတော့ တုပ်ကွေးဖြစ်တယ်။ တုပ်ကွေးနဲ့ရောပြီး ငှက်ဖျားလည်းဖြစ်တယ်။ အဲဒီတော့ ဆေးဝါးမလုံလောက်မှုတွေဖြစ်နေတယ်။" ကိုဗစ်ဆန်ဆန် ချောင်းဆိုးတာ၊ အဖျားကြီးတာ၊ ဝမ်းလျှောတာ စတဲ့ လက္ခဏာတွေကိုလည်း တွေ့နေရတယ်လို့ ဆိုပါတယ်။ ပလော့တပို့စခန်းကတော့ စခန်းကြီးတခုဖြစ်ပြီး အဲဒီနေရာနဲ့အနီးတဝိုက်မှာ စစ်ဘေးရှောင်တွေ အစုလေး ၁၀ ခုလောက်ရှိပြီး ပလော့တပို့မှာတော့ လူဦးရေ ၃,၀၀၀ လောက်နေထိုင်နေပါတယ်။ အခုဆိုရင် စားနပ်ရိက္ခာသာမက ဆေးဝါးတွေပါ အရေးပေါ်လိုအပ်နေတယ်လို့ သိရပါတယ်။ #BurmaDailyNews
    0 Comentários 0 Compartilhamentos 431 Visualizações 0 Anterior
  • ဘုတလင်မြို့နယ်၊ မုံရွာ-ဘုတလင်-‌ ရေဦးလမ်းမ ပေါ်တွင် ခရီးသည်တင်ကား ၂ စီး ယာဉ်တိုက်မှု ဖြစ်ပွားပြီး ၁ ဦးသေဆုံးကာ ၁၇ ဦးဒဏ်ရာရ

    စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ မုံရွာ-ဘုတလင်-‌ ရေဦးလမ်းမ ပေါ် ခရီး သည်တင်ကား ၂ စီး ယာဉ်တိုက်မှု ဖြစ်ပွားပြီး ၁ ဦးသေဆုံးကာ ၁၇ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။

    ဇူလိုင်လ ၁၅ ရက်နေ့ နံနက် ၁၁ နာရီအချိန် ဘုတလင်မြို့နယ်၊ လက်ပန်မြောက်ရွာ စာသင်ကျာင်း ရှေ့ ၊မုံရွာ-ဘုတလင်-ရေဦးလမ်းမ ပေါ် ခရီးသည်တင်ကား၂စီး တိုက်မိကြောင်း၊ နယူစိန်ဌေးလှိုင် ခရီးသည်တင်ကားနှင့် နယူးစွမ်း ခရီးသည်တင်ကားတို့ တိုက်မှုဖြစ်ပွား ၁ ဦးသေဆုံးကြောင်း၊​ ၁၀ ဦး အပြင်း အထန်ဒဏ်ရာရရှိပြီး ၇ ဦးမှာ မစိုးရိမ်ရ ဒဏ်ရာများရရှိကြောင်း သိရှိရသည်။

    "နယူးစိန်ဌေးလှိုင် ကားက ရေဦးဘက်က နေ မုံရွာဘက်လာပြီး နယူစွမ်းက မုံရွာကနေ ရေဦးဘက်သွားတာ။ စိန်ဌေးလှိုင်ကားက အရှိန်မထိမ်းနိုင်ဘဲ နယူစွမ်းရဲ့ ကားနောက်ပိုင်းကိုဝင်ချိတ်ပြီး ကတ္တရာလမ်းပေါ် လဲကျသွားတယ်။ ယာဉ်‌‌နောက်လိုက်(စပယ်ယာ) နေရာတင် သေဆုံးတယ်။ ဒဏ်ရာပြင်းထန်ရသူက ၁၀ဦးအထိရှိတယ်။ဒဏ်ရာမပြင်းတဲ့သူက ၇ ဦး စုစုပေါင်း ၁၇ ဦးရှိတယ်။ နေရာတင်သေဆုံးသူကတော့ နယူးစိန် ဌေးလှိုင်ကားရဲ့ ကားစပယ်ယာပါ" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

    ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရရှိသူများကို ဆေးရုံတင်ပို့ ဆေးဝါးကုသမှုခံယူနေရသော်လည်း အသက်အန္တရာယ်စိုးရိမ်ရသူများ ပါရှိနေကြောင်း သိရှိရသည်။

    #BurmaDailyNews
    ဘုတလင်မြို့နယ်၊ မုံရွာ-ဘုတလင်-‌ ရေဦးလမ်းမ ပေါ်တွင် ခရီးသည်တင်ကား ၂ စီး ယာဉ်တိုက်မှု ဖြစ်ပွားပြီး ၁ ဦးသေဆုံးကာ ၁၇ ဦးဒဏ်ရာရ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ မုံရွာ-ဘုတလင်-‌ ရေဦးလမ်းမ ပေါ် ခရီး သည်တင်ကား ၂ စီး ယာဉ်တိုက်မှု ဖြစ်ပွားပြီး ၁ ဦးသေဆုံးကာ ၁၇ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။ ဇူလိုင်လ ၁၅ ရက်နေ့ နံနက် ၁၁ နာရီအချိန် ဘုတလင်မြို့နယ်၊ လက်ပန်မြောက်ရွာ စာသင်ကျာင်း ရှေ့ ၊မုံရွာ-ဘုတလင်-ရေဦးလမ်းမ ပေါ် ခရီးသည်တင်ကား၂စီး တိုက်မိကြောင်း၊ နယူစိန်ဌေးလှိုင် ခရီးသည်တင်ကားနှင့် နယူးစွမ်း ခရီးသည်တင်ကားတို့ တိုက်မှုဖြစ်ပွား ၁ ဦးသေဆုံးကြောင်း၊​ ၁၀ ဦး အပြင်း အထန်ဒဏ်ရာရရှိပြီး ၇ ဦးမှာ မစိုးရိမ်ရ ဒဏ်ရာများရရှိကြောင်း သိရှိရသည်။ "နယူးစိန်ဌေးလှိုင် ကားက ရေဦးဘက်က နေ မုံရွာဘက်လာပြီး နယူစွမ်းက မုံရွာကနေ ရေဦးဘက်သွားတာ။ စိန်ဌေးလှိုင်ကားက အရှိန်မထိမ်းနိုင်ဘဲ နယူစွမ်းရဲ့ ကားနောက်ပိုင်းကိုဝင်ချိတ်ပြီး ကတ္တရာလမ်းပေါ် လဲကျသွားတယ်။ ယာဉ်‌‌နောက်လိုက်(စပယ်ယာ) နေရာတင် သေဆုံးတယ်။ ဒဏ်ရာပြင်းထန်ရသူက ၁၀ဦးအထိရှိတယ်။ဒဏ်ရာမပြင်းတဲ့သူက ၇ ဦး စုစုပေါင်း ၁၇ ဦးရှိတယ်။ နေရာတင်သေဆုံးသူကတော့ နယူးစိန် ဌေးလှိုင်ကားရဲ့ ကားစပယ်ယာပါ" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။ ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရရှိသူများကို ဆေးရုံတင်ပို့ ဆေးဝါးကုသမှုခံယူနေရသော်လည်း အသက်အန္တရာယ်စိုးရိမ်ရသူများ ပါရှိနေကြောင်း သိရှိရသည်။ #BurmaDailyNews
    0 Comentários 0 Compartilhamentos 378 Visualizações 0 Anterior
  • ယနေ့ ငွေထုတ်သူများအားလုံးကို တစ်သောင်းတန် ငွေစက္ကူအသစ်များသာ ထုတ်ပေးပြီး ၅၀၀၀ တန်နှင့် ၁၀၀၀ တန် ငွေစက္ကူအကြွေ တောင်းသော်လည်း မရှိသေးဟု ပုဂ္ဂလိကဘဏ်များဘက်က ပြောဆို
    ရန်ကုန်၊ ဇူလိုင် ၁၅
    ယနေ့ ပုဂ္ဂလိကဘဏ်များအားလုံးတွင် ငွေထုတ်ယူသူများအားလုံးကို တစ်သောင်းတန်ငွေစက္ကူအသစ်များသာ ထုတ်ပေးပြီး ၅၀၀၀ တန်နှင့် ၁၀၀၀ တန်ငွေစက္ကူများ ထည့်ပေးရန် တောင်းယူရာတွင် ဘဏ်များဘက်က မရှိသေးဟု ပြောဆိုကြောင်း ငွေထုတ်ယူသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
    ယနေ့ ပုဂ္ဂလိကဘဏ်များအားလုံးတွင် ငွေထုတ်ယူသူများကို ငွေကန့်သတ် ထုတ်ပေးမှု လျှော့ချလိုက်ပြီး အနည်းဆုံးငွေကျပ် ၁၀ သိန်းမှ သိန်း ၂၀၀ အထိ ထုတ်ပေးကြောင်း၊ ထိုသို့ ထုတ်ပေးရာတွင် တစ်သောင်းတန် ငွေစက္ကူအသစ်များကိုသာ ထုတ်ပေးပြီး အခြား ၅၀၀၀ တန်ငွေစက္ကူနှင့် ၁၀၀၀ တန်ငွေစက္ကူလိုချင်၍ တောင်းခံသောအခါ မရှိသေးဟု ဘဏ်ဝန်ထမ်းများက တုံ့ပြန်ပြောဆိုကြောင်း သိရှိရသည်။
    "သိန်း ၅၀ ထုတ်တာပါ။ အဲဒါ ၁၀၀၀ တန် အနုတ်လိုချင်လို့ ထည့်ပေးဖို့ပြောတာ မရှိသေးဘူးပြောတယ်။ ၅၀၀၀ တန်လေးရရင် ထည့်ပေးပါပြောတော့လည်း နောက်နေ့မှ လာလဲလို့ပြောတယ်" ဟု CB ဘဏ်မှ ငွေထုတ်ယူခဲ့သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
    ကမာရွတ်မြို့နယ်ရှိ ဧရာ၀တီဘဏ်မှ ငွေထုတ်ယူခဲ့သူတစ်ဦးကလည်း ၎င်းထုတ်ယူလိုသောငွေကျပ် သိန်း ၃၀ ကို ဧရာ၀တီဘဏ်မှ ယနေ့ နံနက်ပိုင်း ထုတ်ယူနိုင်ခဲ့ပြီး ငွေကျပ် တစ်သောင်းတန် ၃ အုပ်ဖြစ်ကြောင်း၊ ငွေစက္ကူများမှာ အသစ်များဖြစ်ပြီး မင်ပင် သေချာမခြောက်သေးဟုဆိုသည်။
    "စက္ကူကတော့ ပါးပါးလှလှလေးပဲ။ မင်တွေက စိုနေတုန်းပဲ။ သေချာတောင် မခြောက်သေးတာ ခံစားလို့ရတယ်။ " ဟု ကမာရွတ်မြို့နယ်မှ ငွေထုတ်ယူခဲ့သူက ဆိုသည်။
    ရန်ကုန်၊ သာကေတမြို့နယ်မှ ပြည်သူတစ်ဦးကမူ ဧရာ၀တီဘဏ်၏ Special Account မှ ငွေကျပ် သိန်း ၂၀၀ ထုတ်ယူနိုင်ခဲ့ပြီး တစ်သောင်းတန်ငွေစက္ကူအသစ်များဖြစ်ကြောင်း အတည်ပြုပြောဆိုသည်။

    ယနေ့ ငွေထုတ်သူများအားလုံးကို တစ်သောင်းတန် ငွေစက္ကူအသစ်များသာ ထုတ်ပေးပြီး ၅၀၀၀ တန်နှင့် ၁၀၀၀ တန် ငွေစက္ကူအကြွေ တောင်းသော်လည်း မရှိသေးဟု ပုဂ္ဂလိကဘဏ်များဘက်က ပြောဆို ရန်ကုန်၊ ဇူလိုင် ၁၅ ယနေ့ ပုဂ္ဂလိကဘဏ်များအားလုံးတွင် ငွေထုတ်ယူသူများအားလုံးကို တစ်သောင်းတန်ငွေစက္ကူအသစ်များသာ ထုတ်ပေးပြီး ၅၀၀၀ တန်နှင့် ၁၀၀၀ တန်ငွေစက္ကူများ ထည့်ပေးရန် တောင်းယူရာတွင် ဘဏ်များဘက်က မရှိသေးဟု ပြောဆိုကြောင်း ငွေထုတ်ယူသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ပုဂ္ဂလိကဘဏ်များအားလုံးတွင် ငွေထုတ်ယူသူများကို ငွေကန့်သတ် ထုတ်ပေးမှု လျှော့ချလိုက်ပြီး အနည်းဆုံးငွေကျပ် ၁၀ သိန်းမှ သိန်း ၂၀၀ အထိ ထုတ်ပေးကြောင်း၊ ထိုသို့ ထုတ်ပေးရာတွင် တစ်သောင်းတန် ငွေစက္ကူအသစ်များကိုသာ ထုတ်ပေးပြီး အခြား ၅၀၀၀ တန်ငွေစက္ကူနှင့် ၁၀၀၀ တန်ငွေစက္ကူလိုချင်၍ တောင်းခံသောအခါ မရှိသေးဟု ဘဏ်ဝန်ထမ်းများက တုံ့ပြန်ပြောဆိုကြောင်း သိရှိရသည်။ "သိန်း ၅၀ ထုတ်တာပါ။ အဲဒါ ၁၀၀၀ တန် အနုတ်လိုချင်လို့ ထည့်ပေးဖို့ပြောတာ မရှိသေးဘူးပြောတယ်။ ၅၀၀၀ တန်လေးရရင် ထည့်ပေးပါပြောတော့လည်း နောက်နေ့မှ လာလဲလို့ပြောတယ်" ဟု CB ဘဏ်မှ ငွေထုတ်ယူခဲ့သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ကမာရွတ်မြို့နယ်ရှိ ဧရာ၀တီဘဏ်မှ ငွေထုတ်ယူခဲ့သူတစ်ဦးကလည်း ၎င်းထုတ်ယူလိုသောငွေကျပ် သိန်း ၃၀ ကို ဧရာ၀တီဘဏ်မှ ယနေ့ နံနက်ပိုင်း ထုတ်ယူနိုင်ခဲ့ပြီး ငွေကျပ် တစ်သောင်းတန် ၃ အုပ်ဖြစ်ကြောင်း၊ ငွေစက္ကူများမှာ အသစ်များဖြစ်ပြီး မင်ပင် သေချာမခြောက်သေးဟုဆိုသည်။ "စက္ကူကတော့ ပါးပါးလှလှလေးပဲ။ မင်တွေက စိုနေတုန်းပဲ။ သေချာတောင် မခြောက်သေးတာ ခံစားလို့ရတယ်။ " ဟု ကမာရွတ်မြို့နယ်မှ ငွေထုတ်ယူခဲ့သူက ဆိုသည်။ ရန်ကုန်၊ သာကေတမြို့နယ်မှ ပြည်သူတစ်ဦးကမူ ဧရာ၀တီဘဏ်၏ Special Account မှ ငွေကျပ် သိန်း ၂၀၀ ထုတ်ယူနိုင်ခဲ့ပြီး တစ်သောင်းတန်ငွေစက္ကူအသစ်များဖြစ်ကြောင်း အတည်ပြုပြောဆိုသည်။
    0 Comentários 0 Compartilhamentos 353 Visualizações 0 Anterior
Páginas impulsionada