• ဦးလေးဖြစ်သူလက်ပါလို့ အမြင်အာရုံကွယ်မတတ်ဖြစ်နေတဲ့ ကလေးနှစ်ယောက်ကိုကယ်တင်ပေးဖို့တောင်းဆိုနေရတဲ့ အဘွား

    ဒီကလေးနှစ်ယောက်ကတော့ အသက် ၅ နှစ်တောင် မပြည့်ရသေးတဲ့အရွယ်မှာ လူကြီးတစ်ယောက်ရဲ့ အကြမ်းဖက်မှုတွေကို ခံနေခဲ့ရပါတယ်။ ကလေးလေးတွေက အရွယ်နဲ့မလိုက်အောင် ခံစားနေရတဲ့ ဝေဒနာတွေကို ဘေးပတ်ဝန်းကျင်က လူတွေတောင် မကြည့်ရက်တဲ့အထိ ဖြစ်နေရပါတယ်။ ကလေးနှစ်ယောက်က ၅ နှစ်အရွယ်ယောက်ျားလေး
    နဲ့ ၄ နှစ်အရွယ်သမီးလေးတွေဖြစ်ပြီး အဘွားဖြစ်သူနဲ့ အတူတူနေထိုင်နေရတာပါ။ အဘွားဖြစ်သူနဲ့နေရပေမယ့်လည်း အိမ်မှာက အဘိုးဖြစ်သူနဲ့ ဦးလေးဖြစ်သူတို့ပါ နေထိုင်ကြပါတယ်။

    ကလေးတွေရဲ့ မိခင်ဖြစ်သူက အသက် ၂၀ သာရှိသေးတာ ဖြစ်ပြီး ခုလက်ရှိမှာ နောက်အိမ်ထောင်ပြုထားပါတယ်။ ဖခင်ကလည်း နှစ်ရှည်အဖမ်းခံထားရတာဖြစ်တဲ့အတွက် နောက်ဆုံးမှာတော့ ကလေးတွေကို အဘွားဖြစ်သူကပဲ စောင့်ရှောက်နေခဲ့ရပါတယ်။ မိခင်ဖြစ်သူက နောက်အိမ်ထောင်ပြုထားသလို တစ်ရက်လုပ်မှ တစ်ရက်စားဘဝ
    ဖြတ်သန်းနေရတာမို့ ထောက်ပံ့နိုင်ခြင်းလည်း မရှိပါဘူး။ အဘွားဖြစ်သူကပဲ ကလေးတွေကို အဝတ်လျှော်ရင်း လုပ်ကျွေးနေရတာပါ။ အိမ်မှာရှိကြတဲ့ သားအကြီးဆုံးကလည်း အရက်တွေပဲသောက်ကာ အလုပ်လည်း မလုပ်ပါဘူး။ ကလေးတွေကို တစ်ရက်ငါးထောင်အဝတ်လျှော်ပြီး လုပ်ကျွေးနေခဲ့တာပါ။

    အဝတ်လျှော်တဲ့အချိန်မှာ ကလေးတွေကို အိမ်မှာပဲ သားအကြီးဆုံးနဲ့အတူတူ ထားခဲ့ပါတယ်။ ကလေးတွေရဲ့ ဦးလေးက အရက်သောက်နေရင်းနဲ့ ငိုနေတဲ့ ၄နှစ်သမီးလေးကို လက်ပါခဲ့ပါတယ်။ ညီမဖြစ်သူ အရိုက်ခံရတာကြောင့် ၅ နှစ်သားလေးက ဝင်ဆွဲရင်းနဲ့ ဦးလေးဖြစ်သူရဲ့ တုတ်နဲ့လက်ပါတာဟာ ကလေးရဲ့ မျက်လုံးကို ထိသွားခဲ့ပါတယ်။ မျက်လုံးတစ်ဖက်က နီရဲနေအောင် ဖြစ်သွားသလို လက်မှာတွေလည်း အစင်းရာတွေနဲ့ ကလေးက မျက်လုံးတစ်ဖက်မမြင်ရသလိုတောင် ဖြစ်သွားခဲ့ရပါတယ်။

    အဘွားဖြစ်သူကလည်း ဝင်ဆွဲတဲ့ အချိန်မှာ လက်တွေ ရောင်ကိုင်းတဲ့အထိကို ခံလိုက်ရပါတယ်။ မြေးဖြစ်သူတွေ အရွယ်မရောက်သေးခင်မှာ ခုလို ခံစားနေရတာကို အဘွားဖြစ်သူမကြည့်ရက်နိုင်တော့ပါဘူး။ အစားလည်း ကောင်းကောင်းမကျွေးနိုင်တဲ့အပြင် အနိုင်ကျင့်ခံနေရတဲ့အပေါ် ယူကြုံးမရဖြစ်လို့နေပါတယ်။ ရပ်ကွက်ထဲကသူတွေကလည်း ကလေးတွေကိုကြည့်ပြီး သနားနေတာကြောင့် ခိုင်နှင်းဝေဆီကို ပို့ဖို့သာ တိုက်တွန်းနေခဲ့ကြတာပါ။

    အဘွားဖြစ်သူက ခုနောက်ပိုင်းဆို ကလေးတွေ ထပ်ပြီး အနိုင်ကျင့်ခံရမှာ စိုးရိမ်တဲ့အတွက် အဝတ်လျှော်ရင်လည်း အမြဲခေါ်သွားနေတာပါ။ အဘွားဖြစ်သူက တစ်ရက် ငါးထောင်နဲ့ကလေးတွေကို ဝအောင် မကျွေးနိုင်သလို ကျောင်းလည်းမထားပေးနိုင်
    တော့ပါဘူး။ ရပ်ကွက်ကလူတွေက အမြင်မတော်လို့ ခေါ်ကျွေးမှသာ ကလေးတွေက ထမင်းစားရတာမျိုးတွေလည်း ရှိပါတယ်။ အဘွားဖြစ်သူက မြေးတွေကို ချစ်လွန်းတာကြောင့် မခွဲချင်ပေမယ့်လည်း သူ့လက်ထဲမှာ ဆက်ထားရင် ကလေးတွေရဲ့ အနာဂါတ်က မကောင်းတော့မှာကို စိုးရိမ်နေရပါတယ်။

    မိခင်အရင်းကလည်း ထောက်ပံ့ပေးနိုင်ခြင်းမရှိတာကြောင့် ကလေးတွေကို ဦးလေးလက်က လွှတ်ဖို့အတွက် ခိုင်နှင်းဝေကိုသာ အားကိုးတကြီးနဲ့ အကူအညီတောင်းလာခဲ့ပါတယ်။ ခိုင်နှင်းဝေအနေနဲ့ ၅ နှစ်နဲ့ ၄ နှစ်အရွယ် ကလေးနှစ်ယောက်ကို မွေးစားပေးဖို့ အဘွားက မေတ္တာရပ်ခံလာခဲ့ပါတယ်။

    ခိုင်နှင်းဝေက မွေးကင်းစကလေးတွေနဲ့ လသားအရွယ်တွေကိုသာ အများဆုံးခေါ်ယူပေးတာမို့ ခုလို သိတတ်နေပြီဖြစ်တဲ့ ကလေးတွေကို ခေါ်ယူပေးမလားဆိုတာကိုတော့ သေချာမသိရသေးပါဘူး။ ဦးလေးဖြစ်သူရဲ့ အနိုင်ကျင့်မှုတွေကို ခံနေရတဲ့ ငါးနှစ်တောင် မပြည့်သေးတဲ့ ကလေးနှစ်

    ယောက်လည်း အမြန်ဆုံးအဆင်ပြေသွားပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

    #BurmaCeleMedia
    #ခိုင်နှင်းဝေ
    ဦးလေးဖြစ်သူလက်ပါလို့ အမြင်အာရုံကွယ်မတတ်ဖြစ်နေတဲ့ ကလေးနှစ်ယောက်ကိုကယ်တင်ပေးဖို့တောင်းဆိုနေရတဲ့ အဘွား ဒီကလေးနှစ်ယောက်ကတော့ အသက် ၅ နှစ်တောင် မပြည့်ရသေးတဲ့အရွယ်မှာ လူကြီးတစ်ယောက်ရဲ့ အကြမ်းဖက်မှုတွေကို ခံနေခဲ့ရပါတယ်။ ကလေးလေးတွေက အရွယ်နဲ့မလိုက်အောင် ခံစားနေရတဲ့ ဝေဒနာတွေကို ဘေးပတ်ဝန်းကျင်က လူတွေတောင် မကြည့်ရက်တဲ့အထိ ဖြစ်နေရပါတယ်။ ကလေးနှစ်ယောက်က ၅ နှစ်အရွယ်ယောက်ျားလေး နဲ့ ၄ နှစ်အရွယ်သမီးလေးတွေဖြစ်ပြီး အဘွားဖြစ်သူနဲ့ အတူတူနေထိုင်နေရတာပါ။ အဘွားဖြစ်သူနဲ့နေရပေမယ့်လည်း အိမ်မှာက အဘိုးဖြစ်သူနဲ့ ဦးလေးဖြစ်သူတို့ပါ နေထိုင်ကြပါတယ်။ ကလေးတွေရဲ့ မိခင်ဖြစ်သူက အသက် ၂၀ သာရှိသေးတာ ဖြစ်ပြီး ခုလက်ရှိမှာ နောက်အိမ်ထောင်ပြုထားပါတယ်။ ဖခင်ကလည်း နှစ်ရှည်အဖမ်းခံထားရတာဖြစ်တဲ့အတွက် နောက်ဆုံးမှာတော့ ကလေးတွေကို အဘွားဖြစ်သူကပဲ စောင့်ရှောက်နေခဲ့ရပါတယ်။ မိခင်ဖြစ်သူက နောက်အိမ်ထောင်ပြုထားသလို တစ်ရက်လုပ်မှ တစ်ရက်စားဘဝ ဖြတ်သန်းနေရတာမို့ ထောက်ပံ့နိုင်ခြင်းလည်း မရှိပါဘူး။ အဘွားဖြစ်သူကပဲ ကလေးတွေကို အဝတ်လျှော်ရင်း လုပ်ကျွေးနေရတာပါ။ အိမ်မှာရှိကြတဲ့ သားအကြီးဆုံးကလည်း အရက်တွေပဲသောက်ကာ အလုပ်လည်း မလုပ်ပါဘူး။ ကလေးတွေကို တစ်ရက်ငါးထောင်အဝတ်လျှော်ပြီး လုပ်ကျွေးနေခဲ့တာပါ။ အဝတ်လျှော်တဲ့အချိန်မှာ ကလေးတွေကို အိမ်မှာပဲ သားအကြီးဆုံးနဲ့အတူတူ ထားခဲ့ပါတယ်။ ကလေးတွေရဲ့ ဦးလေးက အရက်သောက်နေရင်းနဲ့ ငိုနေတဲ့ ၄နှစ်သမီးလေးကို လက်ပါခဲ့ပါတယ်။ ညီမဖြစ်သူ အရိုက်ခံရတာကြောင့် ၅ နှစ်သားလေးက ဝင်ဆွဲရင်းနဲ့ ဦးလေးဖြစ်သူရဲ့ တုတ်နဲ့လက်ပါတာဟာ ကလေးရဲ့ မျက်လုံးကို ထိသွားခဲ့ပါတယ်။ မျက်လုံးတစ်ဖက်က နီရဲနေအောင် ဖြစ်သွားသလို လက်မှာတွေလည်း အစင်းရာတွေနဲ့ ကလေးက မျက်လုံးတစ်ဖက်မမြင်ရသလိုတောင် ဖြစ်သွားခဲ့ရပါတယ်။ အဘွားဖြစ်သူကလည်း ဝင်ဆွဲတဲ့ အချိန်မှာ လက်တွေ ရောင်ကိုင်းတဲ့အထိကို ခံလိုက်ရပါတယ်။ မြေးဖြစ်သူတွေ အရွယ်မရောက်သေးခင်မှာ ခုလို ခံစားနေရတာကို အဘွားဖြစ်သူမကြည့်ရက်နိုင်တော့ပါဘူး။ အစားလည်း ကောင်းကောင်းမကျွေးနိုင်တဲ့အပြင် အနိုင်ကျင့်ခံနေရတဲ့အပေါ် ယူကြုံးမရဖြစ်လို့နေပါတယ်။ ရပ်ကွက်ထဲကသူတွေကလည်း ကလေးတွေကိုကြည့်ပြီး သနားနေတာကြောင့် ခိုင်နှင်းဝေဆီကို ပို့ဖို့သာ တိုက်တွန်းနေခဲ့ကြတာပါ။ အဘွားဖြစ်သူက ခုနောက်ပိုင်းဆို ကလေးတွေ ထပ်ပြီး အနိုင်ကျင့်ခံရမှာ စိုးရိမ်တဲ့အတွက် အဝတ်လျှော်ရင်လည်း အမြဲခေါ်သွားနေတာပါ။ အဘွားဖြစ်သူက တစ်ရက် ငါးထောင်နဲ့ကလေးတွေကို ဝအောင် မကျွေးနိုင်သလို ကျောင်းလည်းမထားပေးနိုင် တော့ပါဘူး။ ရပ်ကွက်ကလူတွေက အမြင်မတော်လို့ ခေါ်ကျွေးမှသာ ကလေးတွေက ထမင်းစားရတာမျိုးတွေလည်း ရှိပါတယ်။ အဘွားဖြစ်သူက မြေးတွေကို ချစ်လွန်းတာကြောင့် မခွဲချင်ပေမယ့်လည်း သူ့လက်ထဲမှာ ဆက်ထားရင် ကလေးတွေရဲ့ အနာဂါတ်က မကောင်းတော့မှာကို စိုးရိမ်နေရပါတယ်။ မိခင်အရင်းကလည်း ထောက်ပံ့ပေးနိုင်ခြင်းမရှိတာကြောင့် ကလေးတွေကို ဦးလေးလက်က လွှတ်ဖို့အတွက် ခိုင်နှင်းဝေကိုသာ အားကိုးတကြီးနဲ့ အကူအညီတောင်းလာခဲ့ပါတယ်။ ခိုင်နှင်းဝေအနေနဲ့ ၅ နှစ်နဲ့ ၄ နှစ်အရွယ် ကလေးနှစ်ယောက်ကို မွေးစားပေးဖို့ အဘွားက မေတ္တာရပ်ခံလာခဲ့ပါတယ်။ ခိုင်နှင်းဝေက မွေးကင်းစကလေးတွေနဲ့ လသားအရွယ်တွေကိုသာ အများဆုံးခေါ်ယူပေးတာမို့ ခုလို သိတတ်နေပြီဖြစ်တဲ့ ကလေးတွေကို ခေါ်ယူပေးမလားဆိုတာကိုတော့ သေချာမသိရသေးပါဘူး။ ဦးလေးဖြစ်သူရဲ့ အနိုင်ကျင့်မှုတွေကို ခံနေရတဲ့ ငါးနှစ်တောင် မပြည့်သေးတဲ့ ကလေးနှစ် ယောက်လည်း အမြန်ဆုံးအဆင်ပြေသွားပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ #BurmaCeleMedia #ခိုင်နှင်းဝေ
    0 Comments 0 Shares 296 Views 0 Reviews
  • နိုင်ငံကျော် တေးသံရှင် စိုင်းဆိုင်မောဝ် ကွယ်လွန်

    ရှမ်းအဆိုတော် စိုင်းဆိုင်မောဝ် ဟာ ယနေ့ ည ၇ နာရီကျော်လောက်က အင်းစိန်မြို့နယ် ကောင်း အထူးကုဆေးရုံမှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

    Rip ပါ ဦးစိုင်းရေ ကောင်းမွန်ရာဘုံဘဝမှာ ပြောင်းရွှေ့စံစားနေပါစေ

    #BurmaCeleMedia
    #စိုင်းဆိုင်မောဝ်
    #MyanmarSinger
    နိုင်ငံကျော် တေးသံရှင် စိုင်းဆိုင်မောဝ် ကွယ်လွန် ရှမ်းအဆိုတော် စိုင်းဆိုင်မောဝ် ဟာ ယနေ့ ည ၇ နာရီကျော်လောက်က အင်းစိန်မြို့နယ် ကောင်း အထူးကုဆေးရုံမှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။ Rip ပါ ဦးစိုင်းရေ ကောင်းမွန်ရာဘုံဘဝမှာ ပြောင်းရွှေ့စံစားနေပါစေ 🙏🙏 #BurmaCeleMedia #စိုင်းဆိုင်မောဝ် #MyanmarSinger
    0 Comments 0 Shares 289 Views 0 Reviews
  • အသက်ငယ်ငယ်မှာ အိမ်ထောင်ပြုမိတာကို နောင်တရနေတဲ့မိုးယုစံ

    တစ်ချိန်တစ်ခါက နာမည်ကြီးမင်းသမီးဖြစ်ခဲ့တဲ့ မိုးယုစံက အခုအချိန်မှာတော့ သားလေးနှစ်ယောက်ရဲ့မေမေအဖြစ် ဖြတ်သန်းနေပြီး အနုပညာအလုပ်တွေနဲ့ ရပ်နားထားခဲ့သူပါ။ မိုးယုစံဟာ Miss မိုးယံဆုကို ရရှိခဲ့ပြီး အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပါတယ်။ ဗီဒီယိုခေတ်မှာ မိုးယုစံက နာမည်ကြီးခဲ့သူမင်းသမီးတစ်ယောက်ဖြစ်ခဲ့ပြီး နာမည်ကြီးမင်းသားတွေဖြစ်တဲ့ နေတိုး၊ ကျော်ကျော်ဗိုလ်၊ ဟိန်းဝေယံ၊ အောင်ရဲလင်းတို့နဲ့ တွဲဖက်ပြီး ခေါင်းဆောင်မင်းသမီးနေရာကနေ ရိုက်ကူးခဲ့ပါတယ်။ ဗီဒီယိုဇာတ်ကားတွေနဲ့လည်းအောင်မြင်ခဲ့သလို ကြော်ငြာတွေမှာ မိုးယုစံက အချိန်အတော်ကြာအောင်လွှမ်းမိုးနိုင်ခဲ့သူပါ။ ခန္ဓာကိုယ်ကလည်း လှပတာကြောင့် အဝတ်အစားဒီဇိုင်းကြော်ငြာတွေမှာ နေရာယူနိုင်ခဲ့ပါတယ်။

    မိုးယုစံဟာ အနုပညာအလုပ်တွေကို ဆက်လုပ်နေရင် ဒီအချိန်မှာတော့ အအောင်မြင်ဆုံးမင်းသမီးထဲမှာ ပါဝင်လာမှာပါ။ ဒါပေမယ့် မိုးယုစံက အောင်မြင်မှုတွေ ထိပ်ဆုံးကို ရောက်နေတဲ့အချိန်မှာ မြန်မာနိုင်ငံရဲ့အချမ်းသာဆုံးစာရင်းဝင် ခရိုနီသူဌေးကြီးရဲ့သား ကိုစွမ်းသူမိုးနဲ့ ၂၀၁၆ ခုနှစ်မှာ လက်ထပ်ခဲ့ပါတယ်။ ဝတ်မှုံရွှေရည်က ရေခဲတောင်ဘေးမှာ လက်ထပ်ခဲ့တာကို အားလုံးက အားကျခဲ့ရသလို မိုးယုစံကလည်း အဲဒီရေခဲတောင်ဘေးမှာပဲ ဓာတ်ပုံတွေကို ရိုက်ခဲ့သူပါ။ မိုးယုစံလက်ထပ်ခါနီးမှာလည်း prewedding ဓာတ်ပုံတွေကို တရုတ်နိုင်ငံက Jade Dragon Snow Mountain ဘေးမှာ ရိုက်ကူးထားခဲ့ပါတယ်။ လှပတဲ့ရေခဲတောင်ကြီးကို နောက်ခံထားပြီး မြန်မာဝတ်စုံရော အနောက်တိုင်းဝတ်စုံနဲ့ပါ ရိုက်ကူးထားခဲ့ပါတယ်။ မိုးယုစံရဲ့အိမ်ထောင်ရေးက အစစအရာရာပြီးပြည့်စုံနေလို့ အားလုံးက အားကျနေခဲ့ရပါတယ်။ အခုတော့ မိုးယုစံက အိမ်ထောင်စောစောပြုခဲ့မိတာကို နောင်တရနေတယ်လို့ ဆိုပါတယ်။

    မိုးယုစံကအသက် ၂၅ နှစ်မှာ အိမ်ထောင်ကျသွားခဲ့တာဖြစ်ပြီး မိသားစုကိုပဲ အချိန်ပေးဖြစ်ပါတော့တယ်။ သူနဲ့ရွယ်တူမင်းသမီးတွေက ထိပ်တန်းမင်းသမီးနေရာတွေကို ရောက်နေတာကိုတွေ့ရင် မိုးယုစံလည်း အားကျနေခဲ့ရပါတယ်။ နောက်ထပ် သုံးနှစ်၊ လေးနှစ်လောက်နေမှ လက်ထပ်သင့်တယ်လို့ တွေးပြီးတော့မိုးယုစံက နှမြောနေခဲ့ပါတယ်။ အနုပညာအလုပ်တွေ လုပ်ခဲ့တဲ့အချိန်တွေကိုလည်း သတိရပြီးတော့ ပြန်လုပ်ချင်နေပါတယ်။ ဒါပေမယ့် ကလေးတွေနဲ့ဖြစ်နေတာကြောင့် ဆက်မလုပ်ဖြစ်တော့ပါဘူး။

    မိုးယုစံက အသက် ၁၆ နှစ်ကတည်းက အနုပညာအလုပ်တွေကို လုပ်ကိုင်လာသူဖြစ်လို့ အသက်ငယ်ငယ်နဲ့ ကိုယ်ပိုင်ဝင်ငွေရှိခဲ့သူဖြစ်ပါတယ်။ အိမ်ထောင်ကျပြီးနောက်မှာတော့ အလုပ်တွေကို မလုပ်တော့တာကြောင့် ဝင်ငွေလည်းမရှိတော့ပါဘူး။ မိုးယုစံရဲ့ခင်ပွန်းက သုံးစွဲဖို့အတွက် ပေးပေမယ့်လည်း ကိုယ်ပိုင်ဝင်ငွေကို သုံးခဲ့ရသူအတွက်တော့ အရမ်းကို သိသာသွားခဲ့ပါတယ်။

    အနုပညာအလုပ်တွေကို မလုပ်တော့တဲ့ အချိန်မှာ သူ့ရဲ့စိတ်အားငယ်မှုတွေရှိကြောင်း၊ အလှူတွေလုပ်တဲ့အခါ သူ့ရဲ့ငွေမပါတာကြောင့် ကုသိုလ်မရမှာကိုတောင် စိုးရိမ်မိလာခဲ့ပါတယ်။ ဒါကြောင့်မိုးယုစံက သူ့ရဲ့အတွေ့အကြုံတွေနဲ့ယှဉ်ပြီး အိမ်ထောင်ကျပြီးတဲ့အမျိုးသမီးတွေလည်း ဘယ်လောက်ဖြစ်ဖြစ် ကိုယ့်ဝင်ငွေလေးရှာနိုင်ရင်တော့ အကောင်းဆုံးပါပဲလို့ အမျိုးသမီးတွေကို အကြံပေးလာခဲ့ပါတယ်။

    #BurmaCeleMedia
    #မိုးယုစံ
    အသက်ငယ်ငယ်မှာ အိမ်ထောင်ပြုမိတာကို နောင်တရနေတဲ့မိုးယုစံ တစ်ချိန်တစ်ခါက နာမည်ကြီးမင်းသမီးဖြစ်ခဲ့တဲ့ မိုးယုစံက အခုအချိန်မှာတော့ သားလေးနှစ်ယောက်ရဲ့မေမေအဖြစ် ဖြတ်သန်းနေပြီး အနုပညာအလုပ်တွေနဲ့ ရပ်နားထားခဲ့သူပါ။ မိုးယုစံဟာ Miss မိုးယံဆုကို ရရှိခဲ့ပြီး အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပါတယ်။ ဗီဒီယိုခေတ်မှာ မိုးယုစံက နာမည်ကြီးခဲ့သူမင်းသမီးတစ်ယောက်ဖြစ်ခဲ့ပြီး နာမည်ကြီးမင်းသားတွေဖြစ်တဲ့ နေတိုး၊ ကျော်ကျော်ဗိုလ်၊ ဟိန်းဝေယံ၊ အောင်ရဲလင်းတို့နဲ့ တွဲဖက်ပြီး ခေါင်းဆောင်မင်းသမီးနေရာကနေ ရိုက်ကူးခဲ့ပါတယ်။ ဗီဒီယိုဇာတ်ကားတွေနဲ့လည်းအောင်မြင်ခဲ့သလို ကြော်ငြာတွေမှာ မိုးယုစံက အချိန်အတော်ကြာအောင်လွှမ်းမိုးနိုင်ခဲ့သူပါ။ ခန္ဓာကိုယ်ကလည်း လှပတာကြောင့် အဝတ်အစားဒီဇိုင်းကြော်ငြာတွေမှာ နေရာယူနိုင်ခဲ့ပါတယ်။ မိုးယုစံဟာ အနုပညာအလုပ်တွေကို ဆက်လုပ်နေရင် ဒီအချိန်မှာတော့ အအောင်မြင်ဆုံးမင်းသမီးထဲမှာ ပါဝင်လာမှာပါ။ ဒါပေမယ့် မိုးယုစံက အောင်မြင်မှုတွေ ထိပ်ဆုံးကို ရောက်နေတဲ့အချိန်မှာ မြန်မာနိုင်ငံရဲ့အချမ်းသာဆုံးစာရင်းဝင် ခရိုနီသူဌေးကြီးရဲ့သား ကိုစွမ်းသူမိုးနဲ့ ၂၀၁၆ ခုနှစ်မှာ လက်ထပ်ခဲ့ပါတယ်။ ဝတ်မှုံရွှေရည်က ရေခဲတောင်ဘေးမှာ လက်ထပ်ခဲ့တာကို အားလုံးက အားကျခဲ့ရသလို မိုးယုစံကလည်း အဲဒီရေခဲတောင်ဘေးမှာပဲ ဓာတ်ပုံတွေကို ရိုက်ခဲ့သူပါ။ မိုးယုစံလက်ထပ်ခါနီးမှာလည်း prewedding ဓာတ်ပုံတွေကို တရုတ်နိုင်ငံက Jade Dragon Snow Mountain ဘေးမှာ ရိုက်ကူးထားခဲ့ပါတယ်။ လှပတဲ့ရေခဲတောင်ကြီးကို နောက်ခံထားပြီး မြန်မာဝတ်စုံရော အနောက်တိုင်းဝတ်စုံနဲ့ပါ ရိုက်ကူးထားခဲ့ပါတယ်။ မိုးယုစံရဲ့အိမ်ထောင်ရေးက အစစအရာရာပြီးပြည့်စုံနေလို့ အားလုံးက အားကျနေခဲ့ရပါတယ်။ အခုတော့ မိုးယုစံက အိမ်ထောင်စောစောပြုခဲ့မိတာကို နောင်တရနေတယ်လို့ ဆိုပါတယ်။ မိုးယုစံကအသက် ၂၅ နှစ်မှာ အိမ်ထောင်ကျသွားခဲ့တာဖြစ်ပြီး မိသားစုကိုပဲ အချိန်ပေးဖြစ်ပါတော့တယ်။ သူနဲ့ရွယ်တူမင်းသမီးတွေက ထိပ်တန်းမင်းသမီးနေရာတွေကို ရောက်နေတာကိုတွေ့ရင် မိုးယုစံလည်း အားကျနေခဲ့ရပါတယ်။ နောက်ထပ် သုံးနှစ်၊ လေးနှစ်လောက်နေမှ လက်ထပ်သင့်တယ်လို့ တွေးပြီးတော့မိုးယုစံက နှမြောနေခဲ့ပါတယ်။ အနုပညာအလုပ်တွေ လုပ်ခဲ့တဲ့အချိန်တွေကိုလည်း သတိရပြီးတော့ ပြန်လုပ်ချင်နေပါတယ်။ ဒါပေမယ့် ကလေးတွေနဲ့ဖြစ်နေတာကြောင့် ဆက်မလုပ်ဖြစ်တော့ပါဘူး။ မိုးယုစံက အသက် ၁၆ နှစ်ကတည်းက အနုပညာအလုပ်တွေကို လုပ်ကိုင်လာသူဖြစ်လို့ အသက်ငယ်ငယ်နဲ့ ကိုယ်ပိုင်ဝင်ငွေရှိခဲ့သူဖြစ်ပါတယ်။ အိမ်ထောင်ကျပြီးနောက်မှာတော့ အလုပ်တွေကို မလုပ်တော့တာကြောင့် ဝင်ငွေလည်းမရှိတော့ပါဘူး။ မိုးယုစံရဲ့ခင်ပွန်းက သုံးစွဲဖို့အတွက် ပေးပေမယ့်လည်း ကိုယ်ပိုင်ဝင်ငွေကို သုံးခဲ့ရသူအတွက်တော့ အရမ်းကို သိသာသွားခဲ့ပါတယ်။ အနုပညာအလုပ်တွေကို မလုပ်တော့တဲ့ အချိန်မှာ သူ့ရဲ့စိတ်အားငယ်မှုတွေရှိကြောင်း၊ အလှူတွေလုပ်တဲ့အခါ သူ့ရဲ့ငွေမပါတာကြောင့် ကုသိုလ်မရမှာကိုတောင် စိုးရိမ်မိလာခဲ့ပါတယ်။ ဒါကြောင့်မိုးယုစံက သူ့ရဲ့အတွေ့အကြုံတွေနဲ့ယှဉ်ပြီး အိမ်ထောင်ကျပြီးတဲ့အမျိုးသမီးတွေလည်း ဘယ်လောက်ဖြစ်ဖြစ် ကိုယ့်ဝင်ငွေလေးရှာနိုင်ရင်တော့ အကောင်းဆုံးပါပဲလို့ အမျိုးသမီးတွေကို အကြံပေးလာခဲ့ပါတယ်။ #BurmaCeleMedia #မိုးယုစံ
    0 Comments 0 Shares 212 Views 0 Reviews
  • ရောဂါဖိစီးနေတဲ့သူတွေကို လူတွေက အခွင့်ကောင်းယူချင်ကျတယ်ဆိုတဲ့ ဦးမိုးဒီ ...

    " မြေးမလေး ကျူရှင်တက်ဖို့ ပိုက်ဆံမရှိတော့ အားငယ်နေမှာစိုးလို့ အငြိမ့်ပြိုင်ပွဲမှာ ပထ မရတုန်းက ရခဲ့တဲ့ ခြံလေးကို ရောင်းပြီး ဖြေရှင်းပေးမယ် စဉ်းစားလိုက်တယ်"

    "လူတွေကဒါကို ပေါက်ဈေးအတိုင်းမဟုတ်ဘဲ ကိုယ်တွေနားမလည်တာအခွင့်ကောင်း ယူပြီး "ဒီလူကြီးက ဆေးဖိုးလိုလို့ဗိုက်နာနေတာ ရတဲ့ဈေးနှိမ်ပြီး ယူလို့ရတယ်"ဆိုပြီး အခွင့် ကောင်းယူတာကြားတော့ စိတ်တော့မကောင်းဖြစ်မိတာပါပဲ" ဆိုပြီး ပြောပြလာတဲ့ ဦးမိုးဒီ

    #BurmaCeleMedia
    #ဦးမိုးဒီ
    ရောဂါဖိစီးနေတဲ့သူတွေကို လူတွေက အခွင့်ကောင်းယူချင်ကျတယ်ဆိုတဲ့ ဦးမိုးဒီ ... " မြေးမလေး ကျူရှင်တက်ဖို့ ပိုက်ဆံမရှိတော့ အားငယ်နေမှာစိုးလို့ အငြိမ့်ပြိုင်ပွဲမှာ ပထ မရတုန်းက ရခဲ့တဲ့ ခြံလေးကို ရောင်းပြီး ဖြေရှင်းပေးမယ် စဉ်းစားလိုက်တယ်" "လူတွေကဒါကို ပေါက်ဈေးအတိုင်းမဟုတ်ဘဲ ကိုယ်တွေနားမလည်တာအခွင့်ကောင်း ယူပြီး "ဒီလူကြီးက ဆေးဖိုးလိုလို့ဗိုက်နာနေတာ ရတဲ့ဈေးနှိမ်ပြီး ယူလို့ရတယ်"ဆိုပြီး အခွင့် ကောင်းယူတာကြားတော့ စိတ်တော့မကောင်းဖြစ်မိတာပါပဲ" ဆိုပြီး ပြောပြလာတဲ့ ဦးမိုးဒီ #BurmaCeleMedia #ဦးမိုးဒီ
    0 Comments 0 Shares 166 Views 0 Reviews
  • ချောင်းဘေးတဲထိုးနေရတဲ့ဘဝရောက်သွားတဲ့ နှဲပညာရှင်ကြီး ...

    '(၁၄) နှစ်သား ကတည်းက နှဲပညာကို လေ့လာ သင်ကြားခဲ့တာပါ။ နှဲသမား ရှားတဲ့ အတွက် ပွဲတွေ ခေါ်ရင် အခုထိ လိုက်မှုတ်နေတုန်းပါ။ အိမ် နဲ့ ခြံ ပိုင်ဆိုင်ခဲ့ဖူးပေမယ့် လွန်ခဲ့တဲ့ နှစ် (၂၀) က ရောင်းခဲ့ရလို့ အခု တဲထိုး နေရတဲ့ ဘဝရောက်သွားတယ်’ လို့ ပြောလာတဲ့ အသက် (၈၅) နှစ်၊ နှဲပညာရှင် ဦးသပြေကြိုင် ...

    #BurmaCeleMedia
    #နှဲပညာရှင်ဦးသပြေကြိုင်
    ချောင်းဘေးတဲထိုးနေရတဲ့ဘဝရောက်သွားတဲ့ နှဲပညာရှင်ကြီး ... '(၁၄) နှစ်သား ကတည်းက နှဲပညာကို လေ့လာ သင်ကြားခဲ့တာပါ။ နှဲသမား ရှားတဲ့ အတွက် ပွဲတွေ ခေါ်ရင် အခုထိ လိုက်မှုတ်နေတုန်းပါ။ အိမ် နဲ့ ခြံ ပိုင်ဆိုင်ခဲ့ဖူးပေမယ့် လွန်ခဲ့တဲ့ နှစ် (၂၀) က ရောင်းခဲ့ရလို့ အခု တဲထိုး နေရတဲ့ ဘဝရောက်သွားတယ်’ လို့ ပြောလာတဲ့ အသက် (၈၅) နှစ်၊ နှဲပညာရှင် ဦးသပြေကြိုင် ... #BurmaCeleMedia #နှဲပညာရှင်ဦးသပြေကြိုင်
    0 Comments 0 Shares 131 Views 0 Reviews
  • တောဝင်စား ရုပ်ရှင်ဇာတ်ကား အမှတ်တရတွေပြောလာတဲ့ စည်ဖြိုး နဲ့ JK

    " တောဝင်စား " မှာ ထက်ယံ အရမ်းပင်ပန်းခဲ့ရတယ်။ အမှတ်တရ ဆိုရင်တော့ ထက်ယံ ရဲ့ ဇာတ်ဝင်ခန်းတစ်ခုမှာ ပူးသလို၊ ဝင်စီးကပ်သလို ဖြစ်ပြီး အသပ်ရှူတွေကြပ်တဲ့အထိ ဖြစ်သွားသေးတယ်"

    " စည်ဖြိုး @ ကျွန်တော့်ကိုကျတော့ တစ်ဖွဲ့လုံးသိပ်ချစ်ရှာတာ။ဆင်စခန်းမှာပေါ့၊တံတားဘက်ကသရဲခြောက်တယ်လို့ လူပြောများကြတာကို ကျွန်တော့်ကိုပေးတဲ့အခန်းက တံတားနဲ့မျက်နှာချင်းဆိုင် (ရယ်လျက်)"

    #Burmacelemedia
    #စည်ဖြိုး
    တောဝင်စား ရုပ်ရှင်ဇာတ်ကား အမှတ်တရတွေပြောလာတဲ့ စည်ဖြိုး နဲ့ JK " တောဝင်စား " မှာ ထက်ယံ အရမ်းပင်ပန်းခဲ့ရတယ်။ အမှတ်တရ ဆိုရင်တော့ ထက်ယံ ရဲ့ ဇာတ်ဝင်ခန်းတစ်ခုမှာ ပူးသလို၊ ဝင်စီးကပ်သလို ဖြစ်ပြီး အသပ်ရှူတွေကြပ်တဲ့အထိ ဖြစ်သွားသေးတယ်" " စည်ဖြိုး @ ကျွန်တော့်ကိုကျတော့ တစ်ဖွဲ့လုံးသိပ်ချစ်ရှာတာ။ဆင်စခန်းမှာပေါ့၊တံတားဘက်ကသရဲခြောက်တယ်လို့ လူပြောများကြတာကို ကျွန်တော့်ကိုပေးတဲ့အခန်းက တံတားနဲ့မျက်နှာချင်းဆိုင် (ရယ်လျက်)" #Burmacelemedia #စည်ဖြိုး
    0 Comments 0 Shares 197 Views 0 Reviews