• လာမယ့်အာဆီယံအစည်းအဝေး မြန်မာနိုင်ငံကိုယ်စားပြုမှုကန့်သတ်ချက် ကန်သဘောတူ

    လာအိုနိုင်ငံမှာ ဒီသီတင်းပတ်ထဲကျင်းပဖို့ရှိတဲ့ အာဆီယံ အရှေ့တောင်အာရှနိုင်ငံများ နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးမှာ မြန်မာဘက်က နိုင်ငံရေးအရကိုယ်စားပြုသူမဟုတ်တဲ့ ကိုယ်စားလှယ်ပဲ တက်ရောက်ခွင့်ပေးဖို့ အမေရိကန်ပြည်ထောင်စုက သဘောတူထောက်ခံတယ်လို့ နိုင်ငံခြားရေးဌာန ထိပ်ပိုင်းအရာရှိတဦးက ပြောပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ အခုအပတ်ထဲ အာရှခရီးစဉ် စတင်ပြီး အာဆီယံခေါင်းဆောင်တွေနဲ့ မြန်မာ့အကျပ်အတည်းအပါအဝင် ကိစ္စရပ်အတော်များများကို ဆွေးနွေးဖို့ရှိတာပါ။

    မြန်မာ့အရေးမှာ အတိုက်အခံ ဒီမိုကရေစီအုပ်စုတွေကိုလည်း အမေရိကန်အနေနဲ့ ဆက်ပြီး ထိစပ်သွားမယ်လို့ အမေရိကန်တာဝန်ရှိသူတွေက ပြောပါတယ်။ အခုလာမယ့် အာဆီယံအစည်းအဝေးမှာတော့ မြန်မာဘက်က နိုင်ငံရေးအရ ကိုယ်စားပြုသူမဟုတ်တဲ့ နိုင်ငံခြားရေးဌာန အမြဲတမ်းအတွင်းဝန် ကိုယ်စားပြု တက်ရောက်ဖို့ရှိတယ်လို့ သူ့အနေနဲ့ သိထားကြောင်း အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Kritenbrink က ဗွီအိုအေကို ဖုံးကတဆင့် ဖြေကြားခဲ့တာပါ။

    မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းကတည်းက အာဆီယံအဆင့်မြင့်အစည်းအဝေးတွေမှာ မြန်မာနိုင်ငံကို နိုင်ငံရေးအရကိုယ်စားပြုသူမဟုတ်ဘဲ အဆင့်နှိမ့်ပြီး အရပ်ဖက်ဝန်ထမ်းကိုပဲ ကိုယ်စားပြုတက်ရောက်စေဖို့ အာဆီယံအတွင်း ကန့်သတ်ထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ လာအိုနိုင်ငံက နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး မှာတော့ မြန်မာစစ်ကောင်စီက နိုင်ငံခြားရးဌာန အကြီးတန်းအရာရှိတဦးကို စေလွှတ်ခဲ့ပါတယ်။

    #BurmaDailyNews
    #ASEAN
    #Burmesepolitics
    လာမယ့်အာဆီယံအစည်းအဝေး မြန်မာနိုင်ငံကိုယ်စားပြုမှုကန့်သတ်ချက် ကန်သဘောတူ လာအိုနိုင်ငံမှာ ဒီသီတင်းပတ်ထဲကျင်းပဖို့ရှိတဲ့ အာဆီယံ အရှေ့တောင်အာရှနိုင်ငံများ နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးမှာ မြန်မာဘက်က နိုင်ငံရေးအရကိုယ်စားပြုသူမဟုတ်တဲ့ ကိုယ်စားလှယ်ပဲ တက်ရောက်ခွင့်ပေးဖို့ အမေရိကန်ပြည်ထောင်စုက သဘောတူထောက်ခံတယ်လို့ နိုင်ငံခြားရေးဌာန ထိပ်ပိုင်းအရာရှိတဦးက ပြောပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ အခုအပတ်ထဲ အာရှခရီးစဉ် စတင်ပြီး အာဆီယံခေါင်းဆောင်တွေနဲ့ မြန်မာ့အကျပ်အတည်းအပါအဝင် ကိစ္စရပ်အတော်များများကို ဆွေးနွေးဖို့ရှိတာပါ။ မြန်မာ့အရေးမှာ အတိုက်အခံ ဒီမိုကရေစီအုပ်စုတွေကိုလည်း အမေရိကန်အနေနဲ့ ဆက်ပြီး ထိစပ်သွားမယ်လို့ အမေရိကန်တာဝန်ရှိသူတွေက ပြောပါတယ်။ အခုလာမယ့် အာဆီယံအစည်းအဝေးမှာတော့ မြန်မာဘက်က နိုင်ငံရေးအရ ကိုယ်စားပြုသူမဟုတ်တဲ့ နိုင်ငံခြားရေးဌာန အမြဲတမ်းအတွင်းဝန် ကိုယ်စားပြု တက်ရောက်ဖို့ရှိတယ်လို့ သူ့အနေနဲ့ သိထားကြောင်း အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Kritenbrink က ဗွီအိုအေကို ဖုံးကတဆင့် ဖြေကြားခဲ့တာပါ။ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းကတည်းက အာဆီယံအဆင့်မြင့်အစည်းအဝေးတွေမှာ မြန်မာနိုင်ငံကို နိုင်ငံရေးအရကိုယ်စားပြုသူမဟုတ်ဘဲ အဆင့်နှိမ့်ပြီး အရပ်ဖက်ဝန်ထမ်းကိုပဲ ကိုယ်စားပြုတက်ရောက်စေဖို့ အာဆီယံအတွင်း ကန့်သတ်ထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ လာအိုနိုင်ငံက နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး မှာတော့ မြန်မာစစ်ကောင်စီက နိုင်ငံခြားရးဌာန အကြီးတန်းအရာရှိတဦးကို စေလွှတ်ခဲ့ပါတယ်။ #BurmaDailyNews #ASEAN #Burmesepolitics
    0 Comments 0 Shares 321 Views 0 Reviews
  • ထွက်ပြေးလာသူ မြန်မာလုံခြုံရေးအဖွဲ့ဝင်တွေကို ဘင်္ဂလားဒေ့ရှ် လက်မခံ​ ပြန်နှင်ထုတ်ခဲ့

    အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ ထွက်ပြေးလာတဲ့ မြန်မာစစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့ ဒါဇင်နဲ့ချီကို နယ်စပ်မှာဟန့်တားပြီး ပြန်လည် နှင်ထုတ်ခဲ့တယ်လို့ နှစ်နိုင်ငံနယ်စပ် နတ်မြစ်အနီးမှာရှိတဲ့ ဘင်္ဂလားဒေ့ရှ် ဒေသဆိုင်ရာ အစိုးရတာဝန်ရှိသူ တဦးက ဒီကနေ့ ဇူလိုင်လ ၁၆ ရက်နေ့မှာ ပြောပါတယ်။

    ရခိုင်ပြည်နယ်တွင်း တိုက်ပွဲတွေ ပြင်းထန်နေတာနဲ့အမျှ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နဲ့ အိန္ဒိယ နိုင်ငံတွေဘက် ထွက်ပြေး ခိုလုံတဲ့ မြန်မာ စစ်သားနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် အရေအတွက်က ထောင်နဲ့ချီ နေပါတယ်။ အများအားဖြင့်တော့ သူတို့ကို လက်ခံပြီး ရက်ပိုင်း သို့မဟုတ် သီတင်းပတ်ပိုင်းအတွင်း မြန်မာနိုင်ငံဘက်ခြမ်းကို ပြန်ပို့လေ့ ရှိပါတယ်။

    ဒါပေမဲ့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကတော့ ဘင်္ဂလားဒေ့ရှ်နယ်စပ် နတ်မြစ်ကို ဖြတ်ကူးဖို့ကြိုးစားတဲ့ နယ်စပ်လုံခြုံရေး တပ်ဖွဲ့ဝင် ၆၆ ဦးထက် မနည်းကို မြန်မာနိုင်ငံဘက် ချက်ချင်း ပြန်နှင်ထုတ်ခဲ့တာပါ။

    လှေနှစ်စီးနဲ့ Teknaf ဒေသထဲကို ဝင်ဖို့ ကြိုးစားခဲ့ကြတဲ့ ဒီမြန်မာလုံခြုံရေး တပ်ဖွဲ့ဝင်တွေကို ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့် တပ်ဖွဲ့တွေက နယ်စပ်မှာတင် ဟန့်တားခဲ့တာလို့ Teknaf မြို့ အုပ်ချုပ်ရေးမှူး Mujibur Rahman(မူဂျီဘူရ် ရာမန်) က ပြောပါတယ်။ အခုနောက်ဆုံး ထွက်ပြေးလာသူတွေနဲ့ ပတ်သက်လို့ မြန်မာစစ်ကောင်စီ ဘက်ကရော၊ ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ် ဘက်ကရော တစုံတရာ ထုတ်ပြန် ပြောဆိုတာတော့ မရှိသေးပါဘူး။

    ရခိုင်ပြည်နယ်ထဲမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို အာရက္ခတပ်တော် (AA) က ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကစလို့ ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီ တပ်စခန်းတွေနဲ့ နယ်မြေတွေကို တိုးချဲ့ သိမ်းယူလာနေတာနဲ့ အမျှ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ အများအပြား အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးနေကြရတာပါ။

    ဒီနှစ်ထဲ ခုလို ထွက်ပြေးလာသူ ၈၅၀ ကျော်ကို ဘင်္ဂလားဒေ့ရှ်က လက်ခံပေးခဲ့ပြီး ၇၅၀ ကျော်ကို နေရပ် ပြန်ပို့ပေးခဲ့ပြီးကြောင်း နဲ့ ၁၀၀ ဝန်းကျင်လောက်ကတော့ နေရပ်ပြန်ပို့ခံရဖို့ စောင့်ဆိုင်းနေတယ်လို့ အမည်မဖော်လိုတဲ့ အကြီးတန်း ဘင်္ဂလားဒေ့ရှ် အရာရှိတဦးက AFP သတင်းဌာနကို ပြောဆိုခဲ့ပါတယ်။

    #BurmaDailyNews
    ထွက်ပြေးလာသူ မြန်မာလုံခြုံရေးအဖွဲ့ဝင်တွေကို ဘင်္ဂလားဒေ့ရှ် လက်မခံ​ ပြန်နှင်ထုတ်ခဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ ထွက်ပြေးလာတဲ့ မြန်မာစစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့ ဒါဇင်နဲ့ချီကို နယ်စပ်မှာဟန့်တားပြီး ပြန်လည် နှင်ထုတ်ခဲ့တယ်လို့ နှစ်နိုင်ငံနယ်စပ် နတ်မြစ်အနီးမှာရှိတဲ့ ဘင်္ဂလားဒေ့ရှ် ဒေသဆိုင်ရာ အစိုးရတာဝန်ရှိသူ တဦးက ဒီကနေ့ ဇူလိုင်လ ၁၆ ရက်နေ့မှာ ပြောပါတယ်။ ရခိုင်ပြည်နယ်တွင်း တိုက်ပွဲတွေ ပြင်းထန်နေတာနဲ့အမျှ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နဲ့ အိန္ဒိယ နိုင်ငံတွေဘက် ထွက်ပြေး ခိုလုံတဲ့ မြန်မာ စစ်သားနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် အရေအတွက်က ထောင်နဲ့ချီ နေပါတယ်။ အများအားဖြင့်တော့ သူတို့ကို လက်ခံပြီး ရက်ပိုင်း သို့မဟုတ် သီတင်းပတ်ပိုင်းအတွင်း မြန်မာနိုင်ငံဘက်ခြမ်းကို ပြန်ပို့လေ့ ရှိပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကတော့ ဘင်္ဂလားဒေ့ရှ်နယ်စပ် နတ်မြစ်ကို ဖြတ်ကူးဖို့ကြိုးစားတဲ့ နယ်စပ်လုံခြုံရေး တပ်ဖွဲ့ဝင် ၆၆ ဦးထက် မနည်းကို မြန်မာနိုင်ငံဘက် ချက်ချင်း ပြန်နှင်ထုတ်ခဲ့တာပါ။ လှေနှစ်စီးနဲ့ Teknaf ဒေသထဲကို ဝင်ဖို့ ကြိုးစားခဲ့ကြတဲ့ ဒီမြန်မာလုံခြုံရေး တပ်ဖွဲ့ဝင်တွေကို ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့် တပ်ဖွဲ့တွေက နယ်စပ်မှာတင် ဟန့်တားခဲ့တာလို့ Teknaf မြို့ အုပ်ချုပ်ရေးမှူး Mujibur Rahman(မူဂျီဘူရ် ရာမန်) က ပြောပါတယ်။ အခုနောက်ဆုံး ထွက်ပြေးလာသူတွေနဲ့ ပတ်သက်လို့ မြန်မာစစ်ကောင်စီ ဘက်ကရော၊ ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ် ဘက်ကရော တစုံတရာ ထုတ်ပြန် ပြောဆိုတာတော့ မရှိသေးပါဘူး။ ရခိုင်ပြည်နယ်ထဲမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို အာရက္ခတပ်တော် (AA) က ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကစလို့ ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီ တပ်စခန်းတွေနဲ့ နယ်မြေတွေကို တိုးချဲ့ သိမ်းယူလာနေတာနဲ့ အမျှ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ အများအပြား အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးနေကြရတာပါ။ ဒီနှစ်ထဲ ခုလို ထွက်ပြေးလာသူ ၈၅၀ ကျော်ကို ဘင်္ဂလားဒေ့ရှ်က လက်ခံပေးခဲ့ပြီး ၇၅၀ ကျော်ကို နေရပ် ပြန်ပို့ပေးခဲ့ပြီးကြောင်း နဲ့ ၁၀၀ ဝန်းကျင်လောက်ကတော့ နေရပ်ပြန်ပို့ခံရဖို့ စောင့်ဆိုင်းနေတယ်လို့ အမည်မဖော်လိုတဲ့ အကြီးတန်း ဘင်္ဂလားဒေ့ရှ် အရာရှိတဦးက AFP သတင်းဌာနကို ပြောဆိုခဲ့ပါတယ်။ #BurmaDailyNews
    0 Comments 0 Shares 223 Views 0 Reviews
  • ကရင်ဒုက္ခသည်စခန်းသုံးခုမှာ ကူးစက်မြန်ရာသီတုပ်ကွေးဖြစ်ပွား

    အခုရက်ပိုင်းတွေအတွင်း ကရင်ပြည်နယ် မြဝတီတောင်ဘက်ခြမ်း သောင်ရင်းမြစ်ဘေးမှာရှိတဲ့ ပလောတပိုစစ်ရှောင်စခန်းအပါအဝင် စခန်း ၃ ခုလောက်မှာ ကူးစက်မြန်တဲ့ရာသီတုပ်ကွေးနဲ့ဆင်တူတဲ့ ဖျားနာသူတွေ ရှိလာနေတယ်လို့ စစ်ဘေးရှောင်တွေကို အကူညီပေးနေသူတွေကဆိုပါတယ်။ ဒီသတင်းကိုဗွီအိုအေ သတင်းထောက်မအေးအေးမာကသတင်းပေးပိုထားပါတယ်။

    ကရင်ပြည်နယ် မြဝတီတောင်ဘက်ခြမ်း သောင်ရင်းမြစ်ဘေးမှာရှိတဲ့ ပလောတပိုစစ်ရှောင်စခန်းအပါအဝင် စခန်း ၃ ခုလောက်မှာ ကူးစက်မြန်တဲ့ ရာသီတုပ်ကွေးအသွင်ဖျားနာမူတွေဖြစ်ပေါ်နေတယ်လို့ စစ်ဘေးရှောင်စခန်းကို အစားအသောက်တွေအကူညီပေးနေသူ ဦးဇော်ထွန်းကအခုလိုပြောပါတယ်။

    "ပလော့တပို စစ်ရှောင်စခန်းမှာ ကူးစက်မြန် ဖျားနာမှုများနေတယ်။ စစ်ဘေးရှောင်စခန်းတွေမှာပေါ့။ လူများတဲ့စခန်းတွေပေါ့။ ကျနော်တို့နဲ့အဆက်သွယ်ရှိတာက ထီးလောကောကော၊ ပလော့တပို့စခန်းကော၊ ကျောက်ခက်စခန်းလည်း အဆက်အသွယ်ရှိတယ်။ အများကြီးဖြစ်နေတော့ ကူးစက်မှုလည်းများတယ်။ တအိမ်မှာတယောက်ဖြစ်ရင် တအိမ်လုံးလည်းဖြစ်ကုန်တယ်။ အဓိက,ကတော့ တုပ်ကွေးဖြစ်တယ်။ တုပ်ကွေးနဲ့ရောပြီး ငှက်ဖျားလည်းဖြစ်တယ်။
    အဲဒီတော့ ဆေးဝါးမလုံလောက်မှုတွေဖြစ်နေတယ်။"

    ကိုဗစ်ဆန်ဆန် ချောင်းဆိုးတာ၊ အဖျားကြီးတာ၊ ဝမ်းလျှောတာ စတဲ့ လက္ခဏာတွေကိုလည်း တွေ့နေရတယ်လို့ ဆိုပါတယ်။

    ပလော့တပို့စခန်းကတော့ စခန်းကြီးတခုဖြစ်ပြီး အဲဒီနေရာနဲ့အနီးတဝိုက်မှာ စစ်ဘေးရှောင်တွေ အစုလေး ၁၀ ခုလောက်ရှိပြီး ပလော့တပို့မှာတော့ လူဦးရေ ၃,၀၀၀ လောက်နေထိုင်နေပါတယ်။ အခုဆိုရင် စားနပ်ရိက္ခာသာမက ဆေးဝါးတွေပါ အရေးပေါ်လိုအပ်နေတယ်လို့ သိရပါတယ်။

    #BurmaDailyNews

    ကရင်ဒုက္ခသည်စခန်းသုံးခုမှာ ကူးစက်မြန်ရာသီတုပ်ကွေးဖြစ်ပွား အခုရက်ပိုင်းတွေအတွင်း ကရင်ပြည်နယ် မြဝတီတောင်ဘက်ခြမ်း သောင်ရင်းမြစ်ဘေးမှာရှိတဲ့ ပလောတပိုစစ်ရှောင်စခန်းအပါအဝင် စခန်း ၃ ခုလောက်မှာ ကူးစက်မြန်တဲ့ရာသီတုပ်ကွေးနဲ့ဆင်တူတဲ့ ဖျားနာသူတွေ ရှိလာနေတယ်လို့ စစ်ဘေးရှောင်တွေကို အကူညီပေးနေသူတွေကဆိုပါတယ်။ ဒီသတင်းကိုဗွီအိုအေ သတင်းထောက်မအေးအေးမာကသတင်းပေးပိုထားပါတယ်။ ကရင်ပြည်နယ် မြဝတီတောင်ဘက်ခြမ်း သောင်ရင်းမြစ်ဘေးမှာရှိတဲ့ ပလောတပိုစစ်ရှောင်စခန်းအပါအဝင် စခန်း ၃ ခုလောက်မှာ ကူးစက်မြန်တဲ့ ရာသီတုပ်ကွေးအသွင်ဖျားနာမူတွေဖြစ်ပေါ်နေတယ်လို့ စစ်ဘေးရှောင်စခန်းကို အစားအသောက်တွေအကူညီပေးနေသူ ဦးဇော်ထွန်းကအခုလိုပြောပါတယ်။ "ပလော့တပို စစ်ရှောင်စခန်းမှာ ကူးစက်မြန် ဖျားနာမှုများနေတယ်။ စစ်ဘေးရှောင်စခန်းတွေမှာပေါ့။ လူများတဲ့စခန်းတွေပေါ့။ ကျနော်တို့နဲ့အဆက်သွယ်ရှိတာက ထီးလောကောကော၊ ပလော့တပို့စခန်းကော၊ ကျောက်ခက်စခန်းလည်း အဆက်အသွယ်ရှိတယ်။ အများကြီးဖြစ်နေတော့ ကူးစက်မှုလည်းများတယ်။ တအိမ်မှာတယောက်ဖြစ်ရင် တအိမ်လုံးလည်းဖြစ်ကုန်တယ်။ အဓိက,ကတော့ တုပ်ကွေးဖြစ်တယ်။ တုပ်ကွေးနဲ့ရောပြီး ငှက်ဖျားလည်းဖြစ်တယ်။ အဲဒီတော့ ဆေးဝါးမလုံလောက်မှုတွေဖြစ်နေတယ်။" ကိုဗစ်ဆန်ဆန် ချောင်းဆိုးတာ၊ အဖျားကြီးတာ၊ ဝမ်းလျှောတာ စတဲ့ လက္ခဏာတွေကိုလည်း တွေ့နေရတယ်လို့ ဆိုပါတယ်။ ပလော့တပို့စခန်းကတော့ စခန်းကြီးတခုဖြစ်ပြီး အဲဒီနေရာနဲ့အနီးတဝိုက်မှာ စစ်ဘေးရှောင်တွေ အစုလေး ၁၀ ခုလောက်ရှိပြီး ပလော့တပို့မှာတော့ လူဦးရေ ၃,၀၀၀ လောက်နေထိုင်နေပါတယ်။ အခုဆိုရင် စားနပ်ရိက္ခာသာမက ဆေးဝါးတွေပါ အရေးပေါ်လိုအပ်နေတယ်လို့ သိရပါတယ်။ #BurmaDailyNews
    0 Comments 0 Shares 262 Views 0 Reviews
  • ဘုတလင်မြို့နယ်၊ မုံရွာ-ဘုတလင်-‌ ရေဦးလမ်းမ ပေါ်တွင် ခရီးသည်တင်ကား ၂ စီး ယာဉ်တိုက်မှု ဖြစ်ပွားပြီး ၁ ဦးသေဆုံးကာ ၁၇ ဦးဒဏ်ရာရ

    စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ မုံရွာ-ဘုတလင်-‌ ရေဦးလမ်းမ ပေါ် ခရီး သည်တင်ကား ၂ စီး ယာဉ်တိုက်မှု ဖြစ်ပွားပြီး ၁ ဦးသေဆုံးကာ ၁၇ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။

    ဇူလိုင်လ ၁၅ ရက်နေ့ နံနက် ၁၁ နာရီအချိန် ဘုတလင်မြို့နယ်၊ လက်ပန်မြောက်ရွာ စာသင်ကျာင်း ရှေ့ ၊မုံရွာ-ဘုတလင်-ရေဦးလမ်းမ ပေါ် ခရီးသည်တင်ကား၂စီး တိုက်မိကြောင်း၊ နယူစိန်ဌေးလှိုင် ခရီးသည်တင်ကားနှင့် နယူးစွမ်း ခရီးသည်တင်ကားတို့ တိုက်မှုဖြစ်ပွား ၁ ဦးသေဆုံးကြောင်း၊​ ၁၀ ဦး အပြင်း အထန်ဒဏ်ရာရရှိပြီး ၇ ဦးမှာ မစိုးရိမ်ရ ဒဏ်ရာများရရှိကြောင်း သိရှိရသည်။

    "နယူးစိန်ဌေးလှိုင် ကားက ရေဦးဘက်က နေ မုံရွာဘက်လာပြီး နယူစွမ်းက မုံရွာကနေ ရေဦးဘက်သွားတာ။ စိန်ဌေးလှိုင်ကားက အရှိန်မထိမ်းနိုင်ဘဲ နယူစွမ်းရဲ့ ကားနောက်ပိုင်းကိုဝင်ချိတ်ပြီး ကတ္တရာလမ်းပေါ် လဲကျသွားတယ်။ ယာဉ်‌‌နောက်လိုက်(စပယ်ယာ) နေရာတင် သေဆုံးတယ်။ ဒဏ်ရာပြင်းထန်ရသူက ၁၀ဦးအထိရှိတယ်။ဒဏ်ရာမပြင်းတဲ့သူက ၇ ဦး စုစုပေါင်း ၁၇ ဦးရှိတယ်။ နေရာတင်သေဆုံးသူကတော့ နယူးစိန် ဌေးလှိုင်ကားရဲ့ ကားစပယ်ယာပါ" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

    ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရရှိသူများကို ဆေးရုံတင်ပို့ ဆေးဝါးကုသမှုခံယူနေရသော်လည်း အသက်အန္တရာယ်စိုးရိမ်ရသူများ ပါရှိနေကြောင်း သိရှိရသည်။

    #BurmaDailyNews
    ဘုတလင်မြို့နယ်၊ မုံရွာ-ဘုတလင်-‌ ရေဦးလမ်းမ ပေါ်တွင် ခရီးသည်တင်ကား ၂ စီး ယာဉ်တိုက်မှု ဖြစ်ပွားပြီး ၁ ဦးသေဆုံးကာ ၁၇ ဦးဒဏ်ရာရ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ မုံရွာ-ဘုတလင်-‌ ရေဦးလမ်းမ ပေါ် ခရီး သည်တင်ကား ၂ စီး ယာဉ်တိုက်မှု ဖြစ်ပွားပြီး ၁ ဦးသေဆုံးကာ ၁၇ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။ ဇူလိုင်လ ၁၅ ရက်နေ့ နံနက် ၁၁ နာရီအချိန် ဘုတလင်မြို့နယ်၊ လက်ပန်မြောက်ရွာ စာသင်ကျာင်း ရှေ့ ၊မုံရွာ-ဘုတလင်-ရေဦးလမ်းမ ပေါ် ခရီးသည်တင်ကား၂စီး တိုက်မိကြောင်း၊ နယူစိန်ဌေးလှိုင် ခရီးသည်တင်ကားနှင့် နယူးစွမ်း ခရီးသည်တင်ကားတို့ တိုက်မှုဖြစ်ပွား ၁ ဦးသေဆုံးကြောင်း၊​ ၁၀ ဦး အပြင်း အထန်ဒဏ်ရာရရှိပြီး ၇ ဦးမှာ မစိုးရိမ်ရ ဒဏ်ရာများရရှိကြောင်း သိရှိရသည်။ "နယူးစိန်ဌေးလှိုင် ကားက ရေဦးဘက်က နေ မုံရွာဘက်လာပြီး နယူစွမ်းက မုံရွာကနေ ရေဦးဘက်သွားတာ။ စိန်ဌေးလှိုင်ကားက အရှိန်မထိမ်းနိုင်ဘဲ နယူစွမ်းရဲ့ ကားနောက်ပိုင်းကိုဝင်ချိတ်ပြီး ကတ္တရာလမ်းပေါ် လဲကျသွားတယ်။ ယာဉ်‌‌နောက်လိုက်(စပယ်ယာ) နေရာတင် သေဆုံးတယ်။ ဒဏ်ရာပြင်းထန်ရသူက ၁၀ဦးအထိရှိတယ်။ဒဏ်ရာမပြင်းတဲ့သူက ၇ ဦး စုစုပေါင်း ၁၇ ဦးရှိတယ်။ နေရာတင်သေဆုံးသူကတော့ နယူးစိန် ဌေးလှိုင်ကားရဲ့ ကားစပယ်ယာပါ" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။ ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရရှိသူများကို ဆေးရုံတင်ပို့ ဆေးဝါးကုသမှုခံယူနေရသော်လည်း အသက်အန္တရာယ်စိုးရိမ်ရသူများ ပါရှိနေကြောင်း သိရှိရသည်။ #BurmaDailyNews
    0 Comments 0 Shares 239 Views 0 Reviews
  • ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌနဲ့ ဆန်လုပ်ငန်းရှင်တွေ ဖမ်းဆီးစစ်ဆေးခံရပြီးနောက် ဘဏ်ဥက္ကဋ္ဌတွေနဲ့ ဘဏ်တာဝန်ရှိသူတွေ နေပြည်တော်မှာ စစ်ဆေးနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ဒီလိုသတင်းတွေကြောင့် ဘဏ်တွေမှာ ငွေလိုသလောက် ထုတ်ယူမရတော့ဘဲ စျေးကွက်ထဲ ကမောက်ကမ ဖြစ်နေတဲ့အကြောင်း သိရသည် ။ မအလတို့ တစ်ဆင့်ပြီး တစ်ဆင့် ယုတ်မာနေပြီ ...

    #BurmaDailyNews
    ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌနဲ့ ဆန်လုပ်ငန်းရှင်တွေ ဖမ်းဆီးစစ်ဆေးခံရပြီးနောက် ဘဏ်ဥက္ကဋ္ဌတွေနဲ့ ဘဏ်တာဝန်ရှိသူတွေ နေပြည်တော်မှာ စစ်ဆေးနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ဒီလိုသတင်းတွေကြောင့် ဘဏ်တွေမှာ ငွေလိုသလောက် ထုတ်ယူမရတော့ဘဲ စျေးကွက်ထဲ ကမောက်ကမ ဖြစ်နေတဲ့အကြောင်း သိရသည် ။ မအလတို့ တစ်ဆင့်ပြီး တစ်ဆင့် ယုတ်မာနေပြီ ... #BurmaDailyNews
    0 Comments 0 Shares 152 Views 0 Reviews
  • မိုးကုတ်မြို့နှင့် မိုးမိတ်မြို့တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး စစ်တပ်က ဒရုန်းဖြင့် တိုက်ခိုက်မှုများ လုပ်ဆောင်လာ


    ဇူလိုင် ၁၄

    မန္တလေးတိုင်း၊ မိုးကုတ်မြို့နှင့် ရှမ်းပြည်နယ် မိုးမိတ်မြို့တို့တွင် အကြမ်းဖက် စစ်တပ်နှင့် TNLA တို့ တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး စစ်တပ်က ဒရုန်းဖြင့် တိုက်ခိုက်မှုများ လုပ်ဆောင်လာကြောင်း TNLA က ပြောဆိုသည်။

    ယနေ့ ဇူလိုင်လ ၁၄ ရက်နေ့တွင် မိုးမိတ်မြို့အတွင်း အကြမ်းဖက် စစ်တပ်၏ စကခ-၂၁ ၊ ခလရ-၂၂၃ နှင့် တအာင်းတပ်မတော် TNLA + PLA + MOD PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း၊ ထို့ပြင် တောင်ကုန်းဘုန်းကြီးကျောင်းအနီးတဝိုက် တွင်လည်း အကြမ်းဖက် စစ်တပ်၏ စကခ-၂၁၊ ခလရ-၂၇၆ နှင့် တအာင်းတပ်မတော် TNLA + PLA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

    အလားတူ မိုးကုတ်မြို့ အရှေ့ပိုင်း ကြက်ခြံနှင့် အမှိုက်ပုံနေရာ အနီးတဝိုက်တွင်လည်း အကြမ်းဖက် စစ်တပ်၏ လပခ၊ ခလရ (၇၁၊၈၈) နှင့် တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲဖြစ်ပွားကြောင်း၊ ယနေ့ ညနေပိုင်းတွင်လည်း တိုက်ပွဲဖြစ်ပွားလျက်ရှိသော နေရာကို အကြမ်းဖက် စစ်တပ်က Jet Fighter ဖြင့် ၄ ကြိမ် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင် သိရှိရသည်။

    အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိသော နောင်ချိုမြို့နယ် သံဘိုရွာကို Jet Fighter ဖြင့် ၁ ကြိမ် နှင့် ဘန်ဘွေးတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က သဲခေါ်ရွာသို ဒရုန်းဖြင့် ၁၅ ကြိမ် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    #Burmadailynews
    #TNLA
    မိုးကုတ်မြို့နှင့် မိုးမိတ်မြို့တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး စစ်တပ်က ဒရုန်းဖြင့် တိုက်ခိုက်မှုများ လုပ်ဆောင်လာ ဇူလိုင် ၁၄ မန္တလေးတိုင်း၊ မိုးကုတ်မြို့နှင့် ရှမ်းပြည်နယ် မိုးမိတ်မြို့တို့တွင် အကြမ်းဖက် စစ်တပ်နှင့် TNLA တို့ တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး စစ်တပ်က ဒရုန်းဖြင့် တိုက်ခိုက်မှုများ လုပ်ဆောင်လာကြောင်း TNLA က ပြောဆိုသည်။ ယနေ့ ဇူလိုင်လ ၁၄ ရက်နေ့တွင် မိုးမိတ်မြို့အတွင်း အကြမ်းဖက် စစ်တပ်၏ စကခ-၂၁ ၊ ခလရ-၂၂၃ နှင့် တအာင်းတပ်မတော် TNLA + PLA + MOD PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း၊ ထို့ပြင် တောင်ကုန်းဘုန်းကြီးကျောင်းအနီးတဝိုက် တွင်လည်း အကြမ်းဖက် စစ်တပ်၏ စကခ-၂၁၊ ခလရ-၂၇၆ နှင့် တအာင်းတပ်မတော် TNLA + PLA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ အလားတူ မိုးကုတ်မြို့ အရှေ့ပိုင်း ကြက်ခြံနှင့် အမှိုက်ပုံနေရာ အနီးတဝိုက်တွင်လည်း အကြမ်းဖက် စစ်တပ်၏ လပခ၊ ခလရ (၇၁၊၈၈) နှင့် တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲဖြစ်ပွားကြောင်း၊ ယနေ့ ညနေပိုင်းတွင်လည်း တိုက်ပွဲဖြစ်ပွားလျက်ရှိသော နေရာကို အကြမ်းဖက် စစ်တပ်က Jet Fighter ဖြင့် ၄ ကြိမ် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင် သိရှိရသည်။ အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိသော နောင်ချိုမြို့နယ် သံဘိုရွာကို Jet Fighter ဖြင့် ၁ ကြိမ် နှင့် ဘန်ဘွေးတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က သဲခေါ်ရွာသို ဒရုန်းဖြင့် ၁၅ ကြိမ် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ #Burmadailynews #TNLA
    0 Comments 0 Shares 158 Views 0 Reviews