ကရင်ဒုက္ခသည်စခန်းသုံးခုမှာ ကူးစက်မြန်ရာသီတုပ်ကွေးဖြစ်ပွား

အခုရက်ပိုင်းတွေအတွင်း ကရင်ပြည်နယ် မြဝတီတောင်ဘက်ခြမ်း သောင်ရင်းမြစ်ဘေးမှာရှိတဲ့ ပလောတပိုစစ်ရှောင်စခန်းအပါအဝင် စခန်း ၃ ခုလောက်မှာ ကူးစက်မြန်တဲ့ရာသီတုပ်ကွေးနဲ့ဆင်တူတဲ့ ဖျားနာသူတွေ ရှိလာနေတယ်လို့ စစ်ဘေးရှောင်တွေကို အကူညီပေးနေသူတွေကဆိုပါတယ်။ ဒီသတင်းကိုဗွီအိုအေ သတင်းထောက်မအေးအေးမာကသတင်းပေးပိုထားပါတယ်။

ကရင်ပြည်နယ် မြဝတီတောင်ဘက်ခြမ်း သောင်ရင်းမြစ်ဘေးမှာရှိတဲ့ ပလောတပိုစစ်ရှောင်စခန်းအပါအဝင် စခန်း ၃ ခုလောက်မှာ ကူးစက်မြန်တဲ့ ရာသီတုပ်ကွေးအသွင်ဖျားနာမူတွေဖြစ်ပေါ်နေတယ်လို့ စစ်ဘေးရှောင်စခန်းကို အစားအသောက်တွေအကူညီပေးနေသူ ဦးဇော်ထွန်းကအခုလိုပြောပါတယ်။

"ပလော့တပို စစ်ရှောင်စခန်းမှာ ကူးစက်မြန် ဖျားနာမှုများနေတယ်။ စစ်ဘေးရှောင်စခန်းတွေမှာပေါ့။ လူများတဲ့စခန်းတွေပေါ့။ ကျနော်တို့နဲ့အဆက်သွယ်ရှိတာက ထီးလောကောကော၊ ပလော့တပို့စခန်းကော၊ ကျောက်ခက်စခန်းလည်း အဆက်အသွယ်ရှိတယ်။ အများကြီးဖြစ်နေတော့ ကူးစက်မှုလည်းများတယ်။ တအိမ်မှာတယောက်ဖြစ်ရင် တအိမ်လုံးလည်းဖြစ်ကုန်တယ်။ အဓိက,ကတော့ တုပ်ကွေးဖြစ်တယ်။ တုပ်ကွေးနဲ့ရောပြီး ငှက်ဖျားလည်းဖြစ်တယ်။
အဲဒီတော့ ဆေးဝါးမလုံလောက်မှုတွေဖြစ်နေတယ်။"

ကိုဗစ်ဆန်ဆန် ချောင်းဆိုးတာ၊ အဖျားကြီးတာ၊ ဝမ်းလျှောတာ စတဲ့ လက္ခဏာတွေကိုလည်း တွေ့နေရတယ်လို့ ဆိုပါတယ်။

ပလော့တပို့စခန်းကတော့ စခန်းကြီးတခုဖြစ်ပြီး အဲဒီနေရာနဲ့အနီးတဝိုက်မှာ စစ်ဘေးရှောင်တွေ အစုလေး ၁၀ ခုလောက်ရှိပြီး ပလော့တပို့မှာတော့ လူဦးရေ ၃,၀၀၀ လောက်နေထိုင်နေပါတယ်။ အခုဆိုရင် စားနပ်ရိက္ခာသာမက ဆေးဝါးတွေပါ အရေးပေါ်လိုအပ်နေတယ်လို့ သိရပါတယ်။

#BurmaDailyNews

ကရင်ဒုက္ခသည်စခန်းသုံးခုမှာ ကူးစက်မြန်ရာသီတုပ်ကွေးဖြစ်ပွား အခုရက်ပိုင်းတွေအတွင်း ကရင်ပြည်နယ် မြဝတီတောင်ဘက်ခြမ်း သောင်ရင်းမြစ်ဘေးမှာရှိတဲ့ ပလောတပိုစစ်ရှောင်စခန်းအပါအဝင် စခန်း ၃ ခုလောက်မှာ ကူးစက်မြန်တဲ့ရာသီတုပ်ကွေးနဲ့ဆင်တူတဲ့ ဖျားနာသူတွေ ရှိလာနေတယ်လို့ စစ်ဘေးရှောင်တွေကို အကူညီပေးနေသူတွေကဆိုပါတယ်။ ဒီသတင်းကိုဗွီအိုအေ သတင်းထောက်မအေးအေးမာကသတင်းပေးပိုထားပါတယ်။ ကရင်ပြည်နယ် မြဝတီတောင်ဘက်ခြမ်း သောင်ရင်းမြစ်ဘေးမှာရှိတဲ့ ပလောတပိုစစ်ရှောင်စခန်းအပါအဝင် စခန်း ၃ ခုလောက်မှာ ကူးစက်မြန်တဲ့ ရာသီတုပ်ကွေးအသွင်ဖျားနာမူတွေဖြစ်ပေါ်နေတယ်လို့ စစ်ဘေးရှောင်စခန်းကို အစားအသောက်တွေအကူညီပေးနေသူ ဦးဇော်ထွန်းကအခုလိုပြောပါတယ်။ "ပလော့တပို စစ်ရှောင်စခန်းမှာ ကူးစက်မြန် ဖျားနာမှုများနေတယ်။ စစ်ဘေးရှောင်စခန်းတွေမှာပေါ့။ လူများတဲ့စခန်းတွေပေါ့။ ကျနော်တို့နဲ့အဆက်သွယ်ရှိတာက ထီးလောကောကော၊ ပလော့တပို့စခန်းကော၊ ကျောက်ခက်စခန်းလည်း အဆက်အသွယ်ရှိတယ်။ အများကြီးဖြစ်နေတော့ ကူးစက်မှုလည်းများတယ်။ တအိမ်မှာတယောက်ဖြစ်ရင် တအိမ်လုံးလည်းဖြစ်ကုန်တယ်။ အဓိက,ကတော့ တုပ်ကွေးဖြစ်တယ်။ တုပ်ကွေးနဲ့ရောပြီး ငှက်ဖျားလည်းဖြစ်တယ်။ အဲဒီတော့ ဆေးဝါးမလုံလောက်မှုတွေဖြစ်နေတယ်။" ကိုဗစ်ဆန်ဆန် ချောင်းဆိုးတာ၊ အဖျားကြီးတာ၊ ဝမ်းလျှောတာ စတဲ့ လက္ခဏာတွေကိုလည်း တွေ့နေရတယ်လို့ ဆိုပါတယ်။ ပလော့တပို့စခန်းကတော့ စခန်းကြီးတခုဖြစ်ပြီး အဲဒီနေရာနဲ့အနီးတဝိုက်မှာ စစ်ဘေးရှောင်တွေ အစုလေး ၁၀ ခုလောက်ရှိပြီး ပလော့တပို့မှာတော့ လူဦးရေ ၃,၀၀၀ လောက်နေထိုင်နေပါတယ်။ အခုဆိုရင် စားနပ်ရိက္ခာသာမက ဆေးဝါးတွေပါ အရေးပေါ်လိုအပ်နေတယ်လို့ သိရပါတယ်။ #BurmaDailyNews
0 Commentaires 0 Parts 311 Vue 0 Aperçu