ဘုတလင်မြို့နယ်၊ မုံရွာ-ဘုတလင်-‌ ရေဦးလမ်းမ ပေါ်တွင် ခရီးသည်တင်ကား ၂ စီး ယာဉ်တိုက်မှု ဖြစ်ပွားပြီး ၁ ဦးသေဆုံးကာ ၁၇ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ မုံရွာ-ဘုတလင်-‌ ရေဦးလမ်းမ ပေါ် ခရီး သည်တင်ကား ၂ စီး ယာဉ်တိုက်မှု ဖြစ်ပွားပြီး ၁ ဦးသေဆုံးကာ ၁၇ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။

ဇူလိုင်လ ၁၅ ရက်နေ့ နံနက် ၁၁ နာရီအချိန် ဘုတလင်မြို့နယ်၊ လက်ပန်မြောက်ရွာ စာသင်ကျာင်း ရှေ့ ၊မုံရွာ-ဘုတလင်-ရေဦးလမ်းမ ပေါ် ခရီးသည်တင်ကား၂စီး တိုက်မိကြောင်း၊ နယူစိန်ဌေးလှိုင် ခရီးသည်တင်ကားနှင့် နယူးစွမ်း ခရီးသည်တင်ကားတို့ တိုက်မှုဖြစ်ပွား ၁ ဦးသေဆုံးကြောင်း၊​ ၁၀ ဦး အပြင်း အထန်ဒဏ်ရာရရှိပြီး ၇ ဦးမှာ မစိုးရိမ်ရ ဒဏ်ရာများရရှိကြောင်း သိရှိရသည်။

"နယူးစိန်ဌေးလှိုင် ကားက ရေဦးဘက်က နေ မုံရွာဘက်လာပြီး နယူစွမ်းက မုံရွာကနေ ရေဦးဘက်သွားတာ။ စိန်ဌေးလှိုင်ကားက အရှိန်မထိမ်းနိုင်ဘဲ နယူစွမ်းရဲ့ ကားနောက်ပိုင်းကိုဝင်ချိတ်ပြီး ကတ္တရာလမ်းပေါ် လဲကျသွားတယ်။ ယာဉ်‌‌နောက်လိုက်(စပယ်ယာ) နေရာတင် သေဆုံးတယ်။ ဒဏ်ရာပြင်းထန်ရသူက ၁၀ဦးအထိရှိတယ်။ဒဏ်ရာမပြင်းတဲ့သူက ၇ ဦး စုစုပေါင်း ၁၇ ဦးရှိတယ်။ နေရာတင်သေဆုံးသူကတော့ နယူးစိန် ဌေးလှိုင်ကားရဲ့ ကားစပယ်ယာပါ" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရရှိသူများကို ဆေးရုံတင်ပို့ ဆေးဝါးကုသမှုခံယူနေရသော်လည်း အသက်အန္တရာယ်စိုးရိမ်ရသူများ ပါရှိနေကြောင်း သိရှိရသည်။

#BurmaDailyNews
ဘုတလင်မြို့နယ်၊ မုံရွာ-ဘုတလင်-‌ ရေဦးလမ်းမ ပေါ်တွင် ခရီးသည်တင်ကား ၂ စီး ယာဉ်တိုက်မှု ဖြစ်ပွားပြီး ၁ ဦးသေဆုံးကာ ၁၇ ဦးဒဏ်ရာရ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ မုံရွာ-ဘုတလင်-‌ ရေဦးလမ်းမ ပေါ် ခရီး သည်တင်ကား ၂ စီး ယာဉ်တိုက်မှု ဖြစ်ပွားပြီး ၁ ဦးသေဆုံးကာ ၁၇ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။ ဇူလိုင်လ ၁၅ ရက်နေ့ နံနက် ၁၁ နာရီအချိန် ဘုတလင်မြို့နယ်၊ လက်ပန်မြောက်ရွာ စာသင်ကျာင်း ရှေ့ ၊မုံရွာ-ဘုတလင်-ရေဦးလမ်းမ ပေါ် ခရီးသည်တင်ကား၂စီး တိုက်မိကြောင်း၊ နယူစိန်ဌေးလှိုင် ခရီးသည်တင်ကားနှင့် နယူးစွမ်း ခရီးသည်တင်ကားတို့ တိုက်မှုဖြစ်ပွား ၁ ဦးသေဆုံးကြောင်း၊​ ၁၀ ဦး အပြင်း အထန်ဒဏ်ရာရရှိပြီး ၇ ဦးမှာ မစိုးရိမ်ရ ဒဏ်ရာများရရှိကြောင်း သိရှိရသည်။ "နယူးစိန်ဌေးလှိုင် ကားက ရေဦးဘက်က နေ မုံရွာဘက်လာပြီး နယူစွမ်းက မုံရွာကနေ ရေဦးဘက်သွားတာ။ စိန်ဌေးလှိုင်ကားက အရှိန်မထိမ်းနိုင်ဘဲ နယူစွမ်းရဲ့ ကားနောက်ပိုင်းကိုဝင်ချိတ်ပြီး ကတ္တရာလမ်းပေါ် လဲကျသွားတယ်။ ယာဉ်‌‌နောက်လိုက်(စပယ်ယာ) နေရာတင် သေဆုံးတယ်။ ဒဏ်ရာပြင်းထန်ရသူက ၁၀ဦးအထိရှိတယ်။ဒဏ်ရာမပြင်းတဲ့သူက ၇ ဦး စုစုပေါင်း ၁၇ ဦးရှိတယ်။ နေရာတင်သေဆုံးသူကတော့ နယူးစိန် ဌေးလှိုင်ကားရဲ့ ကားစပယ်ယာပါ" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။ ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရရှိသူများကို ဆေးရုံတင်ပို့ ဆေးဝါးကုသမှုခံယူနေရသော်လည်း အသက်အန္တရာယ်စိုးရိမ်ရသူများ ပါရှိနေကြောင်း သိရှိရသည်။ #BurmaDailyNews
0 Commentarii 0 Distribuiri 279 Views 0 previzualizare