• Khit Thit သတင်းဌာန၏ ဇူလိုင် ၁၅ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
    By ရန်ကုန်ခေတ်သစ်
    ဒီကနေ့ ဇူလိုင် ၁၅ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
    - မန္တလေးတိုင်း မပါပဲ ရှမ်းပြည်နယ်မြောက်ပိုင်းက ထိုးစစ်တွေကို မဟာမိတ်ညီနောင် ၃ ဖွဲ့က တရုတ်နိုင်ငံရဲ့ ကွန်မြူနစ်ပါတီ အခမ်းအနားရှိတဲ့အတွက် ရောက်တဲ့နေရာမှာ ၄ ရက်ကြာ ခေတ္တ ရပ်နားထားမယ်လို့ TNLA ရဲ့ ဗိုလ်မှူးချုပ် တာဘုန်းကျော်က AFP သတင်းဌာနကို ပြောထားပါတယ်။
    - မန္တလေး PDF က စစ်ဆင်ရေးကာလအတွင်း တပ်ဖွဲ့ဝင် အားလုံး အရပ်သားပြည်သူကို မျက်နှာမူရပြီး လိုက်နာဆောင်ရွက်ရမယ့် လမ်းညွှန်ချက်တွေကို တရားဝင် ထုတ်ပြန်လိုက်သလို စည်းကမ်း ဖောက်ဖျက်ပါက ထိထိရောက်ရောက် အရေးယူမယ်လို့ ကြေညာလိုက်ပါတယ်။
    - ရန်ကုန်မြို့မှာရှိတဲ့ ပုဂ္ဂလိကဘဏ်တွေက ဒီကနေ့မှာတော့ ငွေထုတ်ချင်တဲ့သူတွေကို ငွေကျပ် ၁၀ သိန်းကနေ သိန်း ၂၀၀ အထိ တစ်သောင်းတန်ငွေစက္ကူအသစ်တွေကိုသာ ပြန်လည်ထုတ်ပေးနေပြီး ၊ ၅ ထောင်တန် နဲ့ ၁ ထောင်တန် ထည့်ပေးဖို့ပြောပေမယ့် မရှိတဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
    https://www.youtube.com/watch?v=M32up1nnuYU
    Khit Thit သတင်းဌာန၏ ဇူလိုင် ၁၅ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဇူလိုင် ၁၅ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ - မန္တလေးတိုင်း မပါပဲ ရှမ်းပြည်နယ်မြောက်ပိုင်းက ထိုးစစ်တွေကို မဟာမိတ်ညီနောင် ၃ ဖွဲ့က တရုတ်နိုင်ငံရဲ့ ကွန်မြူနစ်ပါတီ အခမ်းအနားရှိတဲ့အတွက် ရောက်တဲ့နေရာမှာ ၄ ရက်ကြာ ခေတ္တ ရပ်နားထားမယ်လို့ TNLA ရဲ့ ဗိုလ်မှူးချုပ် တာဘုန်းကျော်က AFP သတင်းဌာနကို ပြောထားပါတယ်။ - မန္တလေး PDF က စစ်ဆင်ရေးကာလအတွင်း တပ်ဖွဲ့ဝင် အားလုံး အရပ်သားပြည်သူကို မျက်နှာမူရပြီး လိုက်နာဆောင်ရွက်ရမယ့် လမ်းညွှန်ချက်တွေကို တရားဝင် ထုတ်ပြန်လိုက်သလို စည်းကမ်း ဖောက်ဖျက်ပါက ထိထိရောက်ရောက် အရေးယူမယ်လို့ ကြေညာလိုက်ပါတယ်။ - ရန်ကုန်မြို့မှာရှိတဲ့ ပုဂ္ဂလိကဘဏ်တွေက ဒီကနေ့မှာတော့ ငွေထုတ်ချင်တဲ့သူတွေကို ငွေကျပ် ၁၀ သိန်းကနေ သိန်း ၂၀၀ အထိ တစ်သောင်းတန်ငွေစက္ကူအသစ်တွေကိုသာ ပြန်လည်ထုတ်ပေးနေပြီး ၊ ၅ ထောင်တန် နဲ့ ၁ ထောင်တန် ထည့်ပေးဖို့ပြောပေမယ့် မရှိတဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။ https://www.youtube.com/watch?v=M32up1nnuYU
    0 Yorumlar 0 hisse senetleri 210 Views 0 önizleme
  • ဂဠုန်စစ်ကြောင်း တပ်ရင်းအမှတ် ၉၉၀၈ က ဦးစီး၍ မဟာမိတ် စစ်ကြောင်း ရဲဘော်များ ပါဝင် တက်ရောက်သော အပတ်စဉ် ၅ အခြေခံ စစ်ပညာ သင်တန်းဆင်းပွဲ ပြုလုပ်
    ရန်ကုန်၊ ဇူလိုင် ၁၅
    အမှတ် ၂ စစ်ဒေသ၊ စစ်ဒေသခွဲ ၃ ၊ တောင်ပိုင်းတိုင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် ဂဠုန်စစ်ကြောင်း က ဦးစီး၍ မဟာမိတ် စစ်ကြောင်း ရဲဘော်များ ပါဝင် တက်ရောက်သည့် အပတ်စဉ် ၅ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ကြောင်း ဂဠုန်စစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
    ဇူလိုင်လ ၁၄ ရက်နေ့တွင် ကျုံးဒိုးမြို့နယ် တပ်မဟာ ၆ KNDO တပ်ရင်း ၆ ၌ သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ၊ အဆိုပါ အခြေခံစစ်ပညာ သင်တန်းကို ဂဠုန်စစ်ကြောင်းမှ ဦးစီး၍ ဧပြီလ မှ ဇူလိုင်လ အထိ ၃) လတာ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
    အပတ်စဉ် ၅ အခြေခံစစ်ပညာ သင်တန်းကို ကျားဖြူတပ်ခွဲ ၃ ၊ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA)၊ Lion Battalion အထူးကွန်မန်ဒိုစစ်ကြောင်း၊ ဂဠုန်စစ်ကြောင်း နှင့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များမှ ရဲဘော်များ တက်ရောက် ပညာသင်ကြားခဲ့ကြောင်း သိရသည်။
    အဆိုပါ အခြေခံစစ်ပညာ သင်တန်းဆင်းပွဲကို မဟာမိတ် တော်လှန်ရေး အင်အားစုများဖြစ်ကြသည့် မွန်ပြည်သစ်ပါတီ (NMSP-AD) မှ ဗိုလ်မှူးကြီး နိုင်အိမ့်ချမ်း၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF) /တအောင်းတပ်မတော် (TNLA) မှ ဗိုလ်မှူးကြီး တာ ဆငည်းလေး (ပြင်ပ မဟာမိတ်စစ်ရေးတာဝန်ခံ)၊ ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDO) တပ်ရင်း (၆) တပ်ရင်းမှူး မန်းဂျော်နီ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဂဠုန်စစ်ကြောင်း တပ်ရင်းအမှတ် (၉၉ဝ၈) ၏ ဒုစစ်ကြောင်းမှူး စိုးဝင်း တို့မှ တက်ရောက် မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရှိရသည်။
    ဂဠုန်စစ်ကြောင်း တပ်ရင်းအမှတ် ၉၉၀၈ က ဦးစီး၍ မဟာမိတ် စစ်ကြောင်း ရဲဘော်များ ပါဝင် တက်ရောက်သော အပတ်စဉ် ၅ အခြေခံ စစ်ပညာ သင်တန်းဆင်းပွဲ ပြုလုပ် ရန်ကုန်၊ ဇူလိုင် ၁၅ အမှတ် ၂ စစ်ဒေသ၊ စစ်ဒေသခွဲ ၃ ၊ တောင်ပိုင်းတိုင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် ဂဠုန်စစ်ကြောင်း က ဦးစီး၍ မဟာမိတ် စစ်ကြောင်း ရဲဘော်များ ပါဝင် တက်ရောက်သည့် အပတ်စဉ် ၅ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ကြောင်း ဂဠုန်စစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ ဇူလိုင်လ ၁၄ ရက်နေ့တွင် ကျုံးဒိုးမြို့နယ် တပ်မဟာ ၆ KNDO တပ်ရင်း ၆ ၌ သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ၊ အဆိုပါ အခြေခံစစ်ပညာ သင်တန်းကို ဂဠုန်စစ်ကြောင်းမှ ဦးစီး၍ ဧပြီလ မှ ဇူလိုင်လ အထိ ၃) လတာ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ အပတ်စဉ် ၅ အခြေခံစစ်ပညာ သင်တန်းကို ကျားဖြူတပ်ခွဲ ၃ ၊ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA)၊ Lion Battalion အထူးကွန်မန်ဒိုစစ်ကြောင်း၊ ဂဠုန်စစ်ကြောင်း နှင့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များမှ ရဲဘော်များ တက်ရောက် ပညာသင်ကြားခဲ့ကြောင်း သိရသည်။ အဆိုပါ အခြေခံစစ်ပညာ သင်တန်းဆင်းပွဲကို မဟာမိတ် တော်လှန်ရေး အင်အားစုများဖြစ်ကြသည့် မွန်ပြည်သစ်ပါတီ (NMSP-AD) မှ ဗိုလ်မှူးကြီး နိုင်အိမ့်ချမ်း၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF) /တအောင်းတပ်မတော် (TNLA) မှ ဗိုလ်မှူးကြီး တာ ဆငည်းလေး (ပြင်ပ မဟာမိတ်စစ်ရေးတာဝန်ခံ)၊ ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDO) တပ်ရင်း (၆) တပ်ရင်းမှူး မန်းဂျော်နီ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဂဠုန်စစ်ကြောင်း တပ်ရင်းအမှတ် (၉၉ဝ၈) ၏ ဒုစစ်ကြောင်းမှူး စိုးဝင်း တို့မှ တက်ရောက် မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရှိရသည်။
    0 Yorumlar 0 hisse senetleri 96 Views 0 önizleme
  • မိုးကုတ်မြို့နှင့် မိုးမိတ်မြို့တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး စစ်တပ်က ဒရုန်းဖြင့် တိုက်ခိုက်မှုများ လုပ်ဆောင်လာ


    ဇူလိုင် ၁၄

    မန္တလေးတိုင်း၊ မိုးကုတ်မြို့နှင့် ရှမ်းပြည်နယ် မိုးမိတ်မြို့တို့တွင် အကြမ်းဖက် စစ်တပ်နှင့် TNLA တို့ တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး စစ်တပ်က ဒရုန်းဖြင့် တိုက်ခိုက်မှုများ လုပ်ဆောင်လာကြောင်း TNLA က ပြောဆိုသည်။

    ယနေ့ ဇူလိုင်လ ၁၄ ရက်နေ့တွင် မိုးမိတ်မြို့အတွင်း အကြမ်းဖက် စစ်တပ်၏ စကခ-၂၁ ၊ ခလရ-၂၂၃ နှင့် တအာင်းတပ်မတော် TNLA + PLA + MOD PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း၊ ထို့ပြင် တောင်ကုန်းဘုန်းကြီးကျောင်းအနီးတဝိုက် တွင်လည်း အကြမ်းဖက် စစ်တပ်၏ စကခ-၂၁၊ ခလရ-၂၇၆ နှင့် တအာင်းတပ်မတော် TNLA + PLA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

    အလားတူ မိုးကုတ်မြို့ အရှေ့ပိုင်း ကြက်ခြံနှင့် အမှိုက်ပုံနေရာ အနီးတဝိုက်တွင်လည်း အကြမ်းဖက် စစ်တပ်၏ လပခ၊ ခလရ (၇၁၊၈၈) နှင့် တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲဖြစ်ပွားကြောင်း၊ ယနေ့ ညနေပိုင်းတွင်လည်း တိုက်ပွဲဖြစ်ပွားလျက်ရှိသော နေရာကို အကြမ်းဖက် စစ်တပ်က Jet Fighter ဖြင့် ၄ ကြိမ် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင် သိရှိရသည်။

    အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိသော နောင်ချိုမြို့နယ် သံဘိုရွာကို Jet Fighter ဖြင့် ၁ ကြိမ် နှင့် ဘန်ဘွေးတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က သဲခေါ်ရွာသို ဒရုန်းဖြင့် ၁၅ ကြိမ် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    #Burmadailynews
    #TNLA
    မိုးကုတ်မြို့နှင့် မိုးမိတ်မြို့တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး စစ်တပ်က ဒရုန်းဖြင့် တိုက်ခိုက်မှုများ လုပ်ဆောင်လာ ဇူလိုင် ၁၄ မန္တလေးတိုင်း၊ မိုးကုတ်မြို့နှင့် ရှမ်းပြည်နယ် မိုးမိတ်မြို့တို့တွင် အကြမ်းဖက် စစ်တပ်နှင့် TNLA တို့ တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး စစ်တပ်က ဒရုန်းဖြင့် တိုက်ခိုက်မှုများ လုပ်ဆောင်လာကြောင်း TNLA က ပြောဆိုသည်။ ယနေ့ ဇူလိုင်လ ၁၄ ရက်နေ့တွင် မိုးမိတ်မြို့အတွင်း အကြမ်းဖက် စစ်တပ်၏ စကခ-၂၁ ၊ ခလရ-၂၂၃ နှင့် တအာင်းတပ်မတော် TNLA + PLA + MOD PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း၊ ထို့ပြင် တောင်ကုန်းဘုန်းကြီးကျောင်းအနီးတဝိုက် တွင်လည်း အကြမ်းဖက် စစ်တပ်၏ စကခ-၂၁၊ ခလရ-၂၇၆ နှင့် တအာင်းတပ်မတော် TNLA + PLA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ အလားတူ မိုးကုတ်မြို့ အရှေ့ပိုင်း ကြက်ခြံနှင့် အမှိုက်ပုံနေရာ အနီးတဝိုက်တွင်လည်း အကြမ်းဖက် စစ်တပ်၏ လပခ၊ ခလရ (၇၁၊၈၈) နှင့် တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲဖြစ်ပွားကြောင်း၊ ယနေ့ ညနေပိုင်းတွင်လည်း တိုက်ပွဲဖြစ်ပွားလျက်ရှိသော နေရာကို အကြမ်းဖက် စစ်တပ်က Jet Fighter ဖြင့် ၄ ကြိမ် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင် သိရှိရသည်။ အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိသော နောင်ချိုမြို့နယ် သံဘိုရွာကို Jet Fighter ဖြင့် ၁ ကြိမ် နှင့် ဘန်ဘွေးတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က သဲခေါ်ရွာသို ဒရုန်းဖြင့် ၁၅ ကြိမ် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ #Burmadailynews #TNLA
    0 Yorumlar 0 hisse senetleri 243 Views 0 önizleme