• ယိုလို 🗣

    " ယူနိုက်တက်ကစားသမားဖြစ်ရတာ ဘယ်လိုခံစားရလဲဆိုတဲ့ အပေါ်လား? ထူးခြားပါတယ်။ ကျွန်တော်ကလေးဘဝ ကတည်းက မက်ခဲ့ရတဲ့ အိမ်မက်ပါပဲ။ ဒီနေရာမှာရှိတာကို ကျွန်တော်ပျော်ပါတယ်။ ယူနိုက်တက်ဆိုတာ ဘောလုံးလောကအတွက် ပရီးမီးယားလိဂ်အပြင် ဥရောပမကပဲ ကမ္ဘာ ပေါ်မှာလည်း အကောင်းဆုံးကလပ်ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီမှာရှိရတာက အရမ်းကိုထူးခြားပါတယ်။ ပရိသတ်၊ ကွင်း၊ အရာရာတိုင်းလည်း ထူးခြားပါတယ်။ ပရိသတ်တွေက အရမ်းကိုဖော်ရွှေကြပါတယ်။ လုံးဝကို ရူးသွပ်စရာပါပဲ။ စက္ကန့်တိုင်းမှာ သူတို့ရဲ့ ပေးပို့တဲ့ အားပေးစကားတွေကို အမြဲရရှိပါတယ်။ သူတို့က Social Media မှာ အရမ်းကို active ဖြစ်ကြတယ်။ ဘယ်နေရာမှာမဆို သူတို့က ရှိကြပါတယ်။

    ကျွန်တော်က ဘယ်လိုခံစစ်မှူးတွေထဲက လဲဆိုတဲ့အပေါ်လား? အခုခေတ်ဘောလုံးလောကမှာတော့ ပွဲကိုဖတ်တက်ဖို့ရယ်၊ ပြိုင်ဘက်အကြောင်းကို သိထားဖို့က လိုအပ်ပါတယ်။ ကျွန်တော်ကတော့ခြေထဲ ဘောလုံးရှိရင် ပိုပြီးတော့ သက် သောင့်သက်သာရှိပါတယ်။ ဘောလုံးလက်ခံထားရင် ကျွန်တော်ဘာမှကို မကြောက်တာ။ ကျွန်တော်တို့နည်းပြ ကတော့ ရည်မှန်းချက်ကြီးတဲ့သူရယ် ပွဲတိုင်းကို အနိုင်ယူလိုတဲ့ စိတ်ရှိတဲ့ ကစားသမားတွေကို နှစ်သက်ပါတယ်။ ကျွန်တော်ကတော့ သူကစားစေချင်တဲ့နေရာတိုင်းကို အကောင်းဆုံးကစားပေးမယ်။ ဒီကလပ်အတွက် ကျွန်တော်က တိုက်ပွဲဝင်ဖို့အသင့်ပါပဲ။"

    #RedDevilFans
    #LenyYoro
    #MUTDNews
    ယိုလို 🗣 " ယူနိုက်တက်ကစားသမားဖြစ်ရတာ ဘယ်လိုခံစားရလဲဆိုတဲ့ အပေါ်လား? ထူးခြားပါတယ်။ ကျွန်တော်ကလေးဘဝ ကတည်းက မက်ခဲ့ရတဲ့ အိမ်မက်ပါပဲ။ ဒီနေရာမှာရှိတာကို ကျွန်တော်ပျော်ပါတယ်။ ယူနိုက်တက်ဆိုတာ ဘောလုံးလောကအတွက် ပရီးမီးယားလိဂ်အပြင် ဥရောပမကပဲ ကမ္ဘာ ပေါ်မှာလည်း အကောင်းဆုံးကလပ်ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီမှာရှိရတာက အရမ်းကိုထူးခြားပါတယ်။ ပရိသတ်၊ ကွင်း၊ အရာရာတိုင်းလည်း ထူးခြားပါတယ်။ ပရိသတ်တွေက အရမ်းကိုဖော်ရွှေကြပါတယ်။ လုံးဝကို ရူးသွပ်စရာပါပဲ။ စက္ကန့်တိုင်းမှာ သူတို့ရဲ့ ပေးပို့တဲ့ အားပေးစကားတွေကို အမြဲရရှိပါတယ်။ သူတို့က Social Media မှာ အရမ်းကို active ဖြစ်ကြတယ်။ ဘယ်နေရာမှာမဆို သူတို့က ရှိကြပါတယ်။ ကျွန်တော်က ဘယ်လိုခံစစ်မှူးတွေထဲက လဲဆိုတဲ့အပေါ်လား? အခုခေတ်ဘောလုံးလောကမှာတော့ ပွဲကိုဖတ်တက်ဖို့ရယ်၊ ပြိုင်ဘက်အကြောင်းကို သိထားဖို့က လိုအပ်ပါတယ်။ ကျွန်တော်ကတော့ခြေထဲ ဘောလုံးရှိရင် ပိုပြီးတော့ သက် သောင့်သက်သာရှိပါတယ်။ ဘောလုံးလက်ခံထားရင် ကျွန်တော်ဘာမှကို မကြောက်တာ။ ကျွန်တော်တို့နည်းပြ ကတော့ ရည်မှန်းချက်ကြီးတဲ့သူရယ် ပွဲတိုင်းကို အနိုင်ယူလိုတဲ့ စိတ်ရှိတဲ့ ကစားသမားတွေကို နှစ်သက်ပါတယ်။ ကျွန်တော်ကတော့ သူကစားစေချင်တဲ့နေရာတိုင်းကို အကောင်းဆုံးကစားပေးမယ်။ ဒီကလပ်အတွက် ကျွန်တော်က တိုက်ပွဲဝင်ဖို့အသင့်ပါပဲ။" #RedDevilFans #LenyYoro #MUTDNews
    0 Comments 0 Shares 218 Views 0 Reviews