ယနေ့ ငွေထုတ်သူများအားလုံးကို တစ်သောင်းတန် ငွေစက္ကူအသစ်များသာ ထုတ်ပေးပြီး ၅၀၀၀ တန်နှင့် ၁၀၀၀ တန် ငွေစက္ကူအကြွေ တောင်းသော်လည်း မရှိသေးဟု ပုဂ္ဂလိကဘဏ်များဘက်က ပြောဆို
ရန်ကုန်၊ ဇူလိုင် ၁၅
ယနေ့ ပုဂ္ဂလိကဘဏ်များအားလုံးတွင် ငွေထုတ်ယူသူများအားလုံးကို တစ်သောင်းတန်ငွေစက္ကူအသစ်များသာ ထုတ်ပေးပြီး ၅၀၀၀ တန်နှင့် ၁၀၀၀ တန်ငွေစက္ကူများ ထည့်ပေးရန် တောင်းယူရာတွင် ဘဏ်များဘက်က မရှိသေးဟု ပြောဆိုကြောင်း ငွေထုတ်ယူသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ပုဂ္ဂလိကဘဏ်များအားလုံးတွင် ငွေထုတ်ယူသူများကို ငွေကန့်သတ် ထုတ်ပေးမှု လျှော့ချလိုက်ပြီး အနည်းဆုံးငွေကျပ် ၁၀ သိန်းမှ သိန်း ၂၀၀ အထိ ထုတ်ပေးကြောင်း၊ ထိုသို့ ထုတ်ပေးရာတွင် တစ်သောင်းတန် ငွေစက္ကူအသစ်များကိုသာ ထုတ်ပေးပြီး အခြား ၅၀၀၀ တန်ငွေစက္ကူနှင့် ၁၀၀၀ တန်ငွေစက္ကူလိုချင်၍ တောင်းခံသောအခါ မရှိသေးဟု ဘဏ်ဝန်ထမ်းများက တုံ့ပြန်ပြောဆိုကြောင်း သိရှိရသည်။
"သိန်း ၅၀ ထုတ်တာပါ။ အဲဒါ ၁၀၀၀ တန် အနုတ်လိုချင်လို့ ထည့်ပေးဖို့ပြောတာ မရှိသေးဘူးပြောတယ်။ ၅၀၀၀ တန်လေးရရင် ထည့်ပေးပါပြောတော့လည်း နောက်နေ့မှ လာလဲလို့ပြောတယ်" ဟု CB ဘဏ်မှ ငွေထုတ်ယူခဲ့သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ကမာရွတ်မြို့နယ်ရှိ ဧရာ၀တီဘဏ်မှ ငွေထုတ်ယူခဲ့သူတစ်ဦးကလည်း ၎င်းထုတ်ယူလိုသောငွေကျပ် သိန်း ၃၀ ကို ဧရာ၀တီဘဏ်မှ ယနေ့ နံနက်ပိုင်း ထုတ်ယူနိုင်ခဲ့ပြီး ငွေကျပ် တစ်သောင်းတန် ၃ အုပ်ဖြစ်ကြောင်း၊ ငွေစက္ကူများမှာ အသစ်များဖြစ်ပြီး မင်ပင် သေချာမခြောက်သေးဟုဆိုသည်။
"စက္ကူကတော့ ပါးပါးလှလှလေးပဲ။ မင်တွေက စိုနေတုန်းပဲ။ သေချာတောင် မခြောက်သေးတာ ခံစားလို့ရတယ်။ " ဟု ကမာရွတ်မြို့နယ်မှ ငွေထုတ်ယူခဲ့သူက ဆိုသည်။
ရန်ကုန်၊ သာကေတမြို့နယ်မှ ပြည်သူတစ်ဦးကမူ ဧရာ၀တီဘဏ်၏ Special Account မှ ငွေကျပ် သိန်း ၂၀၀ ထုတ်ယူနိုင်ခဲ့ပြီး တစ်သောင်းတန်ငွေစက္ကူအသစ်များဖြစ်ကြောင်း အတည်ပြုပြောဆိုသည်။

ယနေ့ ငွေထုတ်သူများအားလုံးကို တစ်သောင်းတန် ငွေစက္ကူအသစ်များသာ ထုတ်ပေးပြီး ၅၀၀၀ တန်နှင့် ၁၀၀၀ တန် ငွေစက္ကူအကြွေ တောင်းသော်လည်း မရှိသေးဟု ပုဂ္ဂလိကဘဏ်များဘက်က ပြောဆို ရန်ကုန်၊ ဇူလိုင် ၁၅ ယနေ့ ပုဂ္ဂလိကဘဏ်များအားလုံးတွင် ငွေထုတ်ယူသူများအားလုံးကို တစ်သောင်းတန်ငွေစက္ကူအသစ်များသာ ထုတ်ပေးပြီး ၅၀၀၀ တန်နှင့် ၁၀၀၀ တန်ငွေစက္ကူများ ထည့်ပေးရန် တောင်းယူရာတွင် ဘဏ်များဘက်က မရှိသေးဟု ပြောဆိုကြောင်း ငွေထုတ်ယူသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ပုဂ္ဂလိကဘဏ်များအားလုံးတွင် ငွေထုတ်ယူသူများကို ငွေကန့်သတ် ထုတ်ပေးမှု လျှော့ချလိုက်ပြီး အနည်းဆုံးငွေကျပ် ၁၀ သိန်းမှ သိန်း ၂၀၀ အထိ ထုတ်ပေးကြောင်း၊ ထိုသို့ ထုတ်ပေးရာတွင် တစ်သောင်းတန် ငွေစက္ကူအသစ်များကိုသာ ထုတ်ပေးပြီး အခြား ၅၀၀၀ တန်ငွေစက္ကူနှင့် ၁၀၀၀ တန်ငွေစက္ကူလိုချင်၍ တောင်းခံသောအခါ မရှိသေးဟု ဘဏ်ဝန်ထမ်းများက တုံ့ပြန်ပြောဆိုကြောင်း သိရှိရသည်။ "သိန်း ၅၀ ထုတ်တာပါ။ အဲဒါ ၁၀၀၀ တန် အနုတ်လိုချင်လို့ ထည့်ပေးဖို့ပြောတာ မရှိသေးဘူးပြောတယ်။ ၅၀၀၀ တန်လေးရရင် ထည့်ပေးပါပြောတော့လည်း နောက်နေ့မှ လာလဲလို့ပြောတယ်" ဟု CB ဘဏ်မှ ငွေထုတ်ယူခဲ့သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ကမာရွတ်မြို့နယ်ရှိ ဧရာ၀တီဘဏ်မှ ငွေထုတ်ယူခဲ့သူတစ်ဦးကလည်း ၎င်းထုတ်ယူလိုသောငွေကျပ် သိန်း ၃၀ ကို ဧရာ၀တီဘဏ်မှ ယနေ့ နံနက်ပိုင်း ထုတ်ယူနိုင်ခဲ့ပြီး ငွေကျပ် တစ်သောင်းတန် ၃ အုပ်ဖြစ်ကြောင်း၊ ငွေစက္ကူများမှာ အသစ်များဖြစ်ပြီး မင်ပင် သေချာမခြောက်သေးဟုဆိုသည်။ "စက္ကူကတော့ ပါးပါးလှလှလေးပဲ။ မင်တွေက စိုနေတုန်းပဲ။ သေချာတောင် မခြောက်သေးတာ ခံစားလို့ရတယ်။ " ဟု ကမာရွတ်မြို့နယ်မှ ငွေထုတ်ယူခဲ့သူက ဆိုသည်။ ရန်ကုန်၊ သာကေတမြို့နယ်မှ ပြည်သူတစ်ဦးကမူ ဧရာ၀တီဘဏ်၏ Special Account မှ ငွေကျပ် သိန်း ၂၀၀ ထုတ်ယူနိုင်ခဲ့ပြီး တစ်သောင်းတန်ငွေစက္ကူအသစ်များဖြစ်ကြောင်း အတည်ပြုပြောဆိုသည်။
0 التعليقات 0 المشاركات 281 مشاهدة 0 معاينة