စစ်ဆင်ရေးကာလအတွင်း တပ်ဖွဲ့ဝင် အားလုံး လိုက်နာဆောင်ရွက်ရမည့် လမ်းညွှန်ချက်များ မန္တလေး PDF ထုတ်ပြန်၊ စည်းကမ်း ဖောက်ဖျက်ပါက ထိထိရောက်ရောက် အရေးယူမည်
ရန်ကုန်၊ ဇူလိုင် ၁၅
ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) က စစ်ဆင်ရေးကာလအတွင်း တပ်ဖွဲ့ဝင်အားလုံး လိုက်နာဆောင်ရွက်ရမည့် လမ်းညွန်ချက်များကို ယနေ့ ဇူလိုင်လ ၁၅ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
အဆိုပါ စည်းကမ်းများကို ဖောက်ဖျက်ကျူးလွန်လျှင် သတ်မှတ်ထားသော စည်းကမ်း ထိန်းသိမ်းရေးလုပ်ငန်းစဉ်များအတိုင်း တိတိကျကျ ထိထိရောက်ရောက် အရေးယူသွားမည်ဖြစ်ကြောင်း မန္တလေး PDF ကပြောဆိုသည်။
လမ်းညွှန်ချက်များတွင် မြို့ရွာများ သိမ်းပိုက်ထိန်းချုပ်ရာ၊ ထိုးစစ်ဆင်ရာတွင် တပ်ဖွဲ့ဝင်များ လိုက်နာရမည့် စည်းကမ်းချက်များ၊ ပြည်သူ့ဆက်ဆံရေးဆိုင်ရာ လမ်းညွှန်ချက်များ၊ အရေးပေါ်အခြေအနေတွင် လိုက်နာဆောင်ရွက်ရမည့် လမ်းညွှန်ချက်များ ဟူ၍ အပိုင်း ၃ ပိုင်းခွဲ၍ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မန္တလေး PDF ၏ တပ်ဖွဲ့ဝင်များအနေနှင့် မြို့ရွာများ သိမ်းပိုက်ထိန်းချုပ်ရာ၊ထိုးစစ်ဆင်ရာတွင် တပ်ဖွဲ့ဝင်များလိုက်နာရမည့် စည်းကမ်းချက်များအနေနှင့် ၁၀ ချက်ထုတ်ပြန်ထားပြီး စည်းကမ်းချက်များးနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ချမှတ်ထားသော ကျင့်ဝတ် စည်းကမ်းများ အတိုင်း တိတိကျကျလိုက်နာဆောင်ရွက်ရမည် ဟူ၍ လမ်းညွှန်ချက်တွင် ပါရှိသည်။
စစ်ဆင်ရေးကာလအတွင်း တပ်ဖွဲ့ဝင် အားလုံး လိုက်နာဆောင်ရွက်ရမည့် လမ်းညွှန်ချက်များ မန္တလေး PDF ထုတ်ပြန်၊ စည်းကမ်း ဖောက်ဖျက်ပါက ထိထိရောက်ရောက် အရေးယူမည် ရန်ကုန်၊ ဇူလိုင် ၁၅ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) က စစ်ဆင်ရေးကာလအတွင်း တပ်ဖွဲ့ဝင်အားလုံး လိုက်နာဆောင်ရွက်ရမည့် လမ်းညွန်ချက်များကို ယနေ့ ဇူလိုင်လ ၁၅ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။ အဆိုပါ စည်းကမ်းများကို ဖောက်ဖျက်ကျူးလွန်လျှင် သတ်မှတ်ထားသော စည်းကမ်း ထိန်းသိမ်းရေးလုပ်ငန်းစဉ်များအတိုင်း တိတိကျကျ ထိထိရောက်ရောက် အရေးယူသွားမည်ဖြစ်ကြောင်း မန္တလေး PDF ကပြောဆိုသည်။ လမ်းညွှန်ချက်များတွင် မြို့ရွာများ သိမ်းပိုက်ထိန်းချုပ်ရာ၊ ထိုးစစ်ဆင်ရာတွင် တပ်ဖွဲ့ဝင်များ လိုက်နာရမည့် စည်းကမ်းချက်များ၊ ပြည်သူ့ဆက်ဆံရေးဆိုင်ရာ လမ်းညွှန်ချက်များ၊ အရေးပေါ်အခြေအနေတွင် လိုက်နာဆောင်ရွက်ရမည့် လမ်းညွှန်ချက်များ ဟူ၍ အပိုင်း ၃ ပိုင်းခွဲ၍ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မန္တလေး PDF ၏ တပ်ဖွဲ့ဝင်များအနေနှင့် မြို့ရွာများ သိမ်းပိုက်ထိန်းချုပ်ရာ၊ထိုးစစ်ဆင်ရာတွင် တပ်ဖွဲ့ဝင်များလိုက်နာရမည့် စည်းကမ်းချက်များအနေနှင့် ၁၀ ချက်ထုတ်ပြန်ထားပြီး စည်းကမ်းချက်များးနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ချမှတ်ထားသော ကျင့်ဝတ် စည်းကမ်းများ အတိုင်း တိတိကျကျလိုက်နာဆောင်ရွက်ရမည် ဟူ၍ လမ်းညွှန်ချက်တွင် ပါရှိသည်။
0 Yorumlar 0 hisse senetleri 276 Views 0 önizleme