ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းရွာ ပျူစောထီးစခန်းနှင့် ဆားတောင်မြို့ ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်
ရန်ကုန်၊ ဇူလိုင် ၁၅
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းရွာ ပျူစောထီးစခန်းနှင့် စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့ ရဲစခန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေး တပ်ဖွဲ့များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ယမန်နေ့ ဇူလိုင်လ ၁၄ ရက်နေ့ နေ့လည်ပိုင်းက ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းရွာ ပျူစောထီးစခန်းကို Fixed Wing Drone များဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပျူစောထီးစခန်းပေါ်သို့ တည့်တည့်ကျရောက်ပေါက်ကွဲခဲ့ ပြီး အကြမ်းဖက်စစ်သား၊ ပျူစောထီးများ ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း၊ အကြမ်းဖက် စစ်သား၊ ပျူစောထီးများဘက်မှလည်း ၆၀ မမ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ် ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို B.I.A (ဒီပဲယင်း) LDF အဖွဲ့၊ ကြောင်ရိုင်း (ရွှေဘို) ပကဖ အဖွဲ့ ၊ မဟူရာ ရွှေဘိုသား LDF အဖွဲ့ ၊ ဒေါင်းမန် (ရွှေဘို) ပကဖအဖွဲ့ ၊ ဇေယျသွေး LDF အဖွဲ့နှင့် အခြားမဟာမိတ် အဖွဲ့များနှင့်အတူ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
B.I.A (ဒီပဲယင်း) LDF အဖွဲ့အနေဖြင့် အခြားမဟာမိတ်အဖွဲ့များနှင့်အတူ အကြမ်းဖက် စစ်တပ် အမြစ်ပြတ်ရေး တိုက်ပွဲဝင်လျက်ရှိပြီး Fixed Wings Drone တစ်စီး တန်ဖိုး ၂၈ သိန်းကျပ်ခန့်၊ ဗုံးသီး ၁ လုံး တန်ဖိုး ၃ သောင်းကျပ်ခန့် ကုန်ကျစရိတ်ရှိသဖြင့် မိဘပြည်သူများမှ ဝိုင်းဝန်းအားဖြည့်ကူညီ ပေးကြပါရန် မေတ္တာရပ်ခံထားသည်။
အလားတူ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့ရဲစခန်းနှင့် ဂိတ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Phoenix Sagaing တပ်ဖွဲ့ထံမှ သိရသည်။
ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းရွာ ပျူစောထီးစခန်းနှင့် ဆားတောင်မြို့ ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက် ရန်ကုန်၊ ဇူလိုင် ၁၅ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းရွာ ပျူစောထီးစခန်းနှင့် စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့ ရဲစခန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေး တပ်ဖွဲ့များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ ယမန်နေ့ ဇူလိုင်လ ၁၄ ရက်နေ့ နေ့လည်ပိုင်းက ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းရွာ ပျူစောထီးစခန်းကို Fixed Wing Drone များဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပျူစောထီးစခန်းပေါ်သို့ တည့်တည့်ကျရောက်ပေါက်ကွဲခဲ့ ပြီး အကြမ်းဖက်စစ်သား၊ ပျူစောထီးများ ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း၊ အကြမ်းဖက် စစ်သား၊ ပျူစောထီးများဘက်မှလည်း ၆၀ မမ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ် ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုကို B.I.A (ဒီပဲယင်း) LDF အဖွဲ့၊ ကြောင်ရိုင်း (ရွှေဘို) ပကဖ အဖွဲ့ ၊ မဟူရာ ရွှေဘိုသား LDF အဖွဲ့ ၊ ဒေါင်းမန် (ရွှေဘို) ပကဖအဖွဲ့ ၊ ဇေယျသွေး LDF အဖွဲ့နှင့် အခြားမဟာမိတ် အဖွဲ့များနှင့်အတူ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ B.I.A (ဒီပဲယင်း) LDF အဖွဲ့အနေဖြင့် အခြားမဟာမိတ်အဖွဲ့များနှင့်အတူ အကြမ်းဖက် စစ်တပ် အမြစ်ပြတ်ရေး တိုက်ပွဲဝင်လျက်ရှိပြီး Fixed Wings Drone တစ်စီး တန်ဖိုး ၂၈ သိန်းကျပ်ခန့်၊ ဗုံးသီး ၁ လုံး တန်ဖိုး ၃ သောင်းကျပ်ခန့် ကုန်ကျစရိတ်ရှိသဖြင့် မိဘပြည်သူများမှ ဝိုင်းဝန်းအားဖြည့်ကူညီ ပေးကြပါရန် မေတ္တာရပ်ခံထားသည်။ အလားတူ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့ရဲစခန်းနှင့် ဂိတ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Phoenix Sagaing တပ်ဖွဲ့ထံမှ သိရသည်။
0 Comentários 0 Compartilhamentos 125 Visualizações 0 Anterior