မုံရွာမြို့နယ်အတွင်း တော်လှန် ရုပ်ရှင်ပြသခြင်းနှင့် အဖြူရောင်ကမ်ပိန်း လှုံ့ဆော်မှုပြုလုပ်
ရန်ကုန်၊ ဇူလိုင် ၁၅
မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာတစ်ခုတွင် တော်လှန်ရုပ်ရှင်များပြသခဲ့ပြီး လက်ရှိ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးနှင့် လက်နက်မဲ့လှုပ်ရှားမှု နည်းနာများကို ဟောပြောခဲ့ကြကြောင်း သိရှိရသည်။
လေယာဥ်ဆီဖြတ်တောက်ရေးအပါအဝင် အရှိန်မြှင့်လာသော စစ်ရေးလှိုင်းလုံးများနှင့်အတူ ကျေးလက်ရွာလူထုကိုယ်တိုင် ဦးဆောင်တိုက်ပွဲဝင်ရမည့် အခန်းကဏ္ဍများကို ရှင်းလင်းတင်ပြခဲ့ပြီး အဖြူရောင်ကမ်ပိန်း ရည်ရွယ်ချက်များနှင့် လှုပ်ရှားမှုပုံစံများအား မိတ်ဆက်တင်ပြခဲ့ ကြကြောင်း သိရှိရသည်။
ကျေးရွာလူထုလုံခြုံရေးအတွက် ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး BLDF မှ ရဲဘော်များက လုံခြုံရေးကင်းအဆင့်ဆင့်ဖြင့် တာဝန်ယူကာ ပွဲဖြစ်မြောက်ရေးအတွက် ကူညီအားဖြည့်ခဲ့ကြောင်း သိရှိရသည်။
မုံရွာမြို့နယ်အတွင်း တော်လှန် ရုပ်ရှင်ပြသခြင်းနှင့် အဖြူရောင်ကမ်ပိန်း လှုံ့ဆော်မှုပြုလုပ် ရန်ကုန်၊ ဇူလိုင် ၁၅ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာတစ်ခုတွင် တော်လှန်ရုပ်ရှင်များပြသခဲ့ပြီး လက်ရှိ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးနှင့် လက်နက်မဲ့လှုပ်ရှားမှု နည်းနာများကို ဟောပြောခဲ့ကြကြောင်း သိရှိရသည်။ လေယာဥ်ဆီဖြတ်တောက်ရေးအပါအဝင် အရှိန်မြှင့်လာသော စစ်ရေးလှိုင်းလုံးများနှင့်အတူ ကျေးလက်ရွာလူထုကိုယ်တိုင် ဦးဆောင်တိုက်ပွဲဝင်ရမည့် အခန်းကဏ္ဍများကို ရှင်းလင်းတင်ပြခဲ့ပြီး အဖြူရောင်ကမ်ပိန်း ရည်ရွယ်ချက်များနှင့် လှုပ်ရှားမှုပုံစံများအား မိတ်ဆက်တင်ပြခဲ့ ကြကြောင်း သိရှိရသည်။ ကျေးရွာလူထုလုံခြုံရေးအတွက် ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး BLDF မှ ရဲဘော်များက လုံခြုံရေးကင်းအဆင့်ဆင့်ဖြင့် တာဝန်ယူကာ ပွဲဖြစ်မြောက်ရေးအတွက် ကူညီအားဖြည့်ခဲ့ကြောင်း သိရှိရသည်။
0 Reacties 0 aandelen 149 Views 0 voorbeeld