ရွှေဘိုမြို့နယ်အတွင်း စစ်ကောင်စီတပ်သားများ စွန့်ခွာထွက်ပြေးသွားသည့် ကူတို့ဆိပ်ရွာ၊ ဆင်အင်း ရဲခွေးစခန်းနှင့် မြင်းစီးရွာတို့ကို တော်လှန်ရေး တပ်ဖွဲ့များ နယ်မြေ ရှင်းလင်းရေး ပြုလုပ်
ရန်ကုန်၊ ဇူလိုင် ၁၅
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ စွန့်ခွာထွက်ပြေးသွားသည့် ကူတို့ဆိပ်ရွာ၊ ဆင်အင်း ရဲခွေးစခန်းနှင့် မြင်းစီးရွာတို့ကို နယ်မြေ ရှင်းလင်းရေး ပြုလုပ်ခဲ့ကြောင်း Dragon Urban Guerrilla အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇူလိုင်လ ၁၄ ရက်နေ့တွင် ရွှေဘိုမြို့နယ်ရှိ ကူတို့ဆိပ်ရွာ၊ ဆင်အင်း ရဲခွေးစခန်းနှင့် မြင်းစီးရွာတို့၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် စခန်းစွန့်ခွာ ထွက်ပြေးသွားကြောင့် တော်လှန်ရေး တပ်ဖွဲ့များက နယ်မြေရှင်းလင်းရေး ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဇူလိုင်လ ၁၃ ရက်နေ့တွင် ကူးတို့ဆိပ်ရွာရှိ ပျူစောထီး စခန်းကို တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ပြီးနောက် ဆင်အင်းစခန်းမှ ပျူစောထီးများ တပ်ကူရောက်ရှိလာခြင်းကြောင့် တော်လှန်‌ရေး ရဲဘော်များ ပြန်လည် ဆုတ်ခွာခဲ့ရပြီး ဇူလိုင်လ ၁၄ ရက်နေ့တွင် ထပ်မံတိုက်ခိုက်ရန် တော်လှန်ရေး ရဲဘော်များ ချဉ်းကပ်လာစဉ် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ စခန်းစွန့်ခွာထွက်ပြေး သွားခြင်းဖြစ်ကြောင်း သိရှိရသည်။
"ကူတို့ဆိပ်ပျူရွာ၊ ဆင်အင်းရဲခွေးစခန်း နဲ့ မြင်းစီးပျူရွာက စစ်ခွေး ၊ ရဲခွေး နဲ့ ပျူခွေးများ အကုန်လုံး စခန်းစွန့်ခွာ ထွက်ပြေးသွားတာ ကျွန်တော်တို့ နယ်မြေရှင်းလင်းရေး ဆက်လက် လုပ်ဆောင်နေတယ်" ဟု Dragon Urban Guerrilla အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ရွှေဘိုမြို့နယ်အတွင်း စစ်ကောင်စီတပ်သားများ စွန့်ခွာထွက်ပြေးသွားသည့် ကူတို့ဆိပ်ရွာ၊ ဆင်အင်း ရဲခွေးစခန်းနှင့် မြင်းစီးရွာတို့ကို တော်လှန်ရေး တပ်ဖွဲ့များ နယ်မြေ ရှင်းလင်းရေး ပြုလုပ် ရန်ကုန်၊ ဇူလိုင် ၁၅ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ စွန့်ခွာထွက်ပြေးသွားသည့် ကူတို့ဆိပ်ရွာ၊ ဆင်အင်း ရဲခွေးစခန်းနှင့် မြင်းစီးရွာတို့ကို နယ်မြေ ရှင်းလင်းရေး ပြုလုပ်ခဲ့ကြောင်း Dragon Urban Guerrilla အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ ဇူလိုင်လ ၁၄ ရက်နေ့တွင် ရွှေဘိုမြို့နယ်ရှိ ကူတို့ဆိပ်ရွာ၊ ဆင်အင်း ရဲခွေးစခန်းနှင့် မြင်းစီးရွာတို့၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် စခန်းစွန့်ခွာ ထွက်ပြေးသွားကြောင့် တော်လှန်ရေး တပ်ဖွဲ့များက နယ်မြေရှင်းလင်းရေး ပြုလုပ်ခဲ့ကြောင်း သိရသည်။ ဇူလိုင်လ ၁၃ ရက်နေ့တွင် ကူးတို့ဆိပ်ရွာရှိ ပျူစောထီး စခန်းကို တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ပြီးနောက် ဆင်အင်းစခန်းမှ ပျူစောထီးများ တပ်ကူရောက်ရှိလာခြင်းကြောင့် တော်လှန်‌ရေး ရဲဘော်များ ပြန်လည် ဆုတ်ခွာခဲ့ရပြီး ဇူလိုင်လ ၁၄ ရက်နေ့တွင် ထပ်မံတိုက်ခိုက်ရန် တော်လှန်ရေး ရဲဘော်များ ချဉ်းကပ်လာစဉ် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ စခန်းစွန့်ခွာထွက်ပြေး သွားခြင်းဖြစ်ကြောင်း သိရှိရသည်။ "ကူတို့ဆိပ်ပျူရွာ၊ ဆင်အင်းရဲခွေးစခန်း နဲ့ မြင်းစီးပျူရွာက စစ်ခွေး ၊ ရဲခွေး နဲ့ ပျူခွေးများ အကုန်လုံး စခန်းစွန့်ခွာ ထွက်ပြေးသွားတာ ကျွန်တော်တို့ နယ်မြေရှင်းလင်းရေး ဆက်လက် လုပ်ဆောင်နေတယ်" ဟု Dragon Urban Guerrilla အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
0 Kommentare 0 Anteile 85 Ansichten 0 Vorschau