ဂဠုန်စစ်ကြောင်း တပ်ရင်းအမှတ် ၉၉၀၈ က ဦးစီး၍ မဟာမိတ် စစ်ကြောင်း ရဲဘော်များ ပါဝင် တက်ရောက်သော အပတ်စဉ် ၅ အခြေခံ စစ်ပညာ သင်တန်းဆင်းပွဲ ပြုလုပ်
ရန်ကုန်၊ ဇူလိုင် ၁၅
အမှတ် ၂ စစ်ဒေသ၊ စစ်ဒေသခွဲ ၃ ၊ တောင်ပိုင်းတိုင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် ဂဠုန်စစ်ကြောင်း က ဦးစီး၍ မဟာမိတ် စစ်ကြောင်း ရဲဘော်များ ပါဝင် တက်ရောက်သည့် အပတ်စဉ် ၅ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ကြောင်း ဂဠုန်စစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇူလိုင်လ ၁၄ ရက်နေ့တွင် ကျုံးဒိုးမြို့နယ် တပ်မဟာ ၆ KNDO တပ်ရင်း ၆ ၌ သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ၊ အဆိုပါ အခြေခံစစ်ပညာ သင်တန်းကို ဂဠုန်စစ်ကြောင်းမှ ဦးစီး၍ ဧပြီလ မှ ဇူလိုင်လ အထိ ၃) လတာ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အပတ်စဉ် ၅ အခြေခံစစ်ပညာ သင်တန်းကို ကျားဖြူတပ်ခွဲ ၃ ၊ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA)၊ Lion Battalion အထူးကွန်မန်ဒိုစစ်ကြောင်း၊ ဂဠုန်စစ်ကြောင်း နှင့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များမှ ရဲဘော်များ တက်ရောက် ပညာသင်ကြားခဲ့ကြောင်း သိရသည်။
အဆိုပါ အခြေခံစစ်ပညာ သင်တန်းဆင်းပွဲကို မဟာမိတ် တော်လှန်ရေး အင်အားစုများဖြစ်ကြသည့် မွန်ပြည်သစ်ပါတီ (NMSP-AD) မှ ဗိုလ်မှူးကြီး နိုင်အိမ့်ချမ်း၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF) /တအောင်းတပ်မတော် (TNLA) မှ ဗိုလ်မှူးကြီး တာ ဆငည်းလေး (ပြင်ပ မဟာမိတ်စစ်ရေးတာဝန်ခံ)၊ ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDO) တပ်ရင်း (၆) တပ်ရင်းမှူး မန်းဂျော်နီ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဂဠုန်စစ်ကြောင်း တပ်ရင်းအမှတ် (၉၉ဝ၈) ၏ ဒုစစ်ကြောင်းမှူး စိုးဝင်း တို့မှ တက်ရောက် မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရှိရသည်။
ဂဠုန်စစ်ကြောင်း တပ်ရင်းအမှတ် ၉၉၀၈ က ဦးစီး၍ မဟာမိတ် စစ်ကြောင်း ရဲဘော်များ ပါဝင် တက်ရောက်သော အပတ်စဉ် ၅ အခြေခံ စစ်ပညာ သင်တန်းဆင်းပွဲ ပြုလုပ် ရန်ကုန်၊ ဇူလိုင် ၁၅ အမှတ် ၂ စစ်ဒေသ၊ စစ်ဒေသခွဲ ၃ ၊ တောင်ပိုင်းတိုင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် ဂဠုန်စစ်ကြောင်း က ဦးစီး၍ မဟာမိတ် စစ်ကြောင်း ရဲဘော်များ ပါဝင် တက်ရောက်သည့် အပတ်စဉ် ၅ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ကြောင်း ဂဠုန်စစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ ဇူလိုင်လ ၁၄ ရက်နေ့တွင် ကျုံးဒိုးမြို့နယ် တပ်မဟာ ၆ KNDO တပ်ရင်း ၆ ၌ သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ၊ အဆိုပါ အခြေခံစစ်ပညာ သင်တန်းကို ဂဠုန်စစ်ကြောင်းမှ ဦးစီး၍ ဧပြီလ မှ ဇူလိုင်လ အထိ ၃) လတာ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ အပတ်စဉ် ၅ အခြေခံစစ်ပညာ သင်တန်းကို ကျားဖြူတပ်ခွဲ ၃ ၊ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA)၊ Lion Battalion အထူးကွန်မန်ဒိုစစ်ကြောင်း၊ ဂဠုန်စစ်ကြောင်း နှင့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များမှ ရဲဘော်များ တက်ရောက် ပညာသင်ကြားခဲ့ကြောင်း သိရသည်။ အဆိုပါ အခြေခံစစ်ပညာ သင်တန်းဆင်းပွဲကို မဟာမိတ် တော်လှန်ရေး အင်အားစုများဖြစ်ကြသည့် မွန်ပြည်သစ်ပါတီ (NMSP-AD) မှ ဗိုလ်မှူးကြီး နိုင်အိမ့်ချမ်း၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF) /တအောင်းတပ်မတော် (TNLA) မှ ဗိုလ်မှူးကြီး တာ ဆငည်းလေး (ပြင်ပ မဟာမိတ်စစ်ရေးတာဝန်ခံ)၊ ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDO) တပ်ရင်း (၆) တပ်ရင်းမှူး မန်းဂျော်နီ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဂဠုန်စစ်ကြောင်း တပ်ရင်းအမှတ် (၉၉ဝ၈) ၏ ဒုစစ်ကြောင်းမှူး စိုးဝင်း တို့မှ တက်ရောက် မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရှိရသည်။
0 التعليقات 0 المشاركات 134 مشاهدة 0 معاينة